အတိတ်​ဆိုတာ ၅

5.7K 551 16
                                    

" ​နောက်​ဘက်​မတိုးနဲ့ ​ရှေ့ကိုကပ်​ထိုင်​ ​တောင်​ကမတ်​တယ်​ ဆိုင်​ကယ်​ဖင်​​ထောင်​​နေမှ ​ကျော်​မ​ကောင်း ကြားမ​ကောင်း​တွေ ဖြစ်​​နေမယ်​ "

တောင်​တက်​လမ်းက မက်​သည်​။ ​ကွေ့​ကောက်​သည်​။ ည​နေ ၃နာရီမို့ ​နေသိပ်​မပူပဲ ​တောင်​ရိပ်​ သစ်​ပင်​ရိပ်​နှင့်​ ဆိုင်​ကယ်​​လေးက ​လေထဲ ပျံ​နေသလို။

သူ​ပြောသလို ​ရှေ့တိုးကပ်​ကာ သူ့ခါးကို တင်း​နေ​အောင်​ဖက်​လိုက်​သည်​။ ငါမင်းနဲ့အတူဆိုင်​ကယ်​​လေးပဲ အတူတူစီးချင်​ပါတယ်​။

ထိုစကားသံကို စဉ်းစားမိ​တော့ သူအကြိုက်​ဆုံ3း Idiots ကို သတိရမိသည်​။

ရန်​ချို ဟာ သူကြိုက်​တဲ့​ကောင်​မ​လေး ပီယာကို ရည်းစားစကား​ပြောခဲ့တုန်းက ' မင်းနဲ့အတူ ဆိုင်​ကယ်​​​လေး စီးချင်​တယ်​ ' ဆိုတဲ့စကားကို သူရယ်​ခဲ့မိသည်​။

ခု​တော့ သူကိုယ်​တိုင်​ အဲ့လို​တွေး​နေမိပြီ။ ဘယ်​​လောက်​​ကြောင်​လိုက်​တဲ့ အ​တွေးလဲ။

တောင်​ပတ်​လမ်း​လေး မဆုံးချင်​​တော့ပါ။ ဒီတိုင်း​လေး ... ဒီတိုင်း​လေးပဲ သူနဲ့အတူတူ နှစ်​​ယောက်​ထဲ ရှိချင်​​နေမိသည်​။

ခက်​​တော့ခက်​​နေပါပြီ။ သူဟာ ကိုယ့်​ချစ်​သူလည်း မဟုတ်​။ ကိုယ့်​မိန်းမလည်းမဟုတ်​။ ကိုယ့်​ crush လည်းမဟုတ်​။

ဒီတိုင်း​လေး သူငယ်​ချင်း​လေးတစ်​​ယောက်​ကို​လေ။

ရင်​​မောတယ်​။

အ​တွေးထဲ နစ်​​နေတာ လမ်း​ဘေးကို သတိမထားမိလိုက်​။

ဆိုင်​ကယ်​ရပ်​နားကွင်းထိ​ရောက်​ပြီး ဆိုင်​ကယ်​စက်​သတ်​လိုက်​သံလည်း မကြားနိုင်​။

" ဆင်း​တော့ဟ ​ရောက်​ပြီ "

" ​ရောက်​ပြီလား မြန်​ချက်​ "

" မင်းပါ​နေလို့ ​အေး​ဆေး​မောင်းလာတာ ငါ့ဘာငါဆို ဒီ​ချိန်​ မန်း​ချောင်းထဲ ​ရေဆင်းချိုး​နေပြီ "

" မန်း​ချောင်း ဟုတ်​လား "

" ဘုရားရင်​ပြင်​​ပေါ်က​နေ ကြည့်​ရင်​ မြင်​ရတယ်​ ငါပြမယ်​ "

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now