ကားကလေးက အမြန်လမ်းပေါ် တရိပ်ရိပ်ပြေးနေသည်။ ရပ်နားစခန်းတစ်ခုတွေ့တာတောင်မရပ်ခဲ့ပေ။
" ဗိုက်မဆာဘူးလား "
" ငါအိပ်ပဲအိပ်ချင်တယ် "
" မင်းတဖြည်းဖြည်းနဲ့ အရမ်းတွေ ပျင်းလာတယ်နော် "
" မင်းအပူပါလား ငါ့ဘာငါ ပျင်းတာ "
" Wow ချစ်ဖို့ကောင်းလိုက်သောပါပဲ "
" သိရင်ပြီးတာပဲ "
" အေးပါကွာ "
" ကျွတ်ကျွတ် "
နောက်ခန်းမှာ ဆိုဖာကြီးခင်းပြီး ခြေပစ်လက်ပစ်အိပ်နေသူထံမှ အသံထွက်လာတော့ ကားကိုအရှိန်လျှော့ကာ လှည့်မေးရပြန်သည်။
" မသက်သာဘူးလား "
" ရတယ် "
" ငါပြောပါတယ် ရေချိုးခန်းထဲ သတိထားပါဆို "
" တော်ပြီဟ "
" မတော်နိုင်ပါဘူး အဲ့ကရေချိုခန်းတွေက ငါဆို စိမ့်တက်နေအောင် တစ်မျိုးကြီးခံစားနေရတာကို ... ရေညှိမရှိ ဘာမရှိနဲ့ အသားလွတ် ချော်လဲရတယ်လို့ ... ခု ခါးထိသွားတော့ ပျော်လား"
" အေး faသရဲက ငါတို့ကို မနာလိုလို့တဲ့ ကျေနပ်လား "
သူ့နှုတ်ထွက်စကားမှန်သမျှ ကိုယ်ကသဘောကျနေတော့လည်း တဟားဟားအော်ရယ်ကာ ကားဆီအာရုံပို့ပြီး အရှိန်ပြန်မြှင့်လိုက်သည်။
မြောင်းမြဒေါ်ချို မုန့်ဟင်းခါး ဆိုသော ဆိုင်းဘုတ်ကြီး မြင်တော့ ဗိုက်ကဆာလာသလို။ မနက်အာရုံကတည်းက ရုံးကလှမ်းခေါ်၍ လည်ပတ်မည့်အစီအစဉ်များအား လက်လျှော့ကာ ပြန်ထွက်လာရခြင်းဖြစ်သည်။
မန္တလေးထဲ ဝင်တော့မှာဖြစ်ပေမဲ့ တစ်ခါတည်း ဝင်စားလိုက်ပါတော့မည်လေ။ သူလည်း ဆာနေရောပေါ့။ ကားကို နောက်ထပ် အရှိန်တို့ထပ်တင်ကာ မောင်းလာခဲ့လိုက်သည်။
YOU ARE READING
သူငယ်ချင်းလေးပါတဲ့ Just Friends ( Completed )