( Warning - Sorry for NSWF )
သူတို့လိုက်ပြတော့လည် လွယ်လိုက်တာ။ ကိုယ်ကျတော့ ဒါကိုပဲ ဘယ်နှစ်ခါပတ်ပတ် လမ်းက ပျောက်လွန်းသည်။
" ဒီမှာအစ်ကို အခန်း ၇ "
" အေးအေး ကျေးဇူးပဲ ငါ့ညီရာ "
" ဟုတ်ကဲ့ သွားပြီဗျ "
" အေးအေး "
တစ်ဆောင်လုံးက တိတ်ဆိတ်လွန်းသည်။ ဆိုင်ကယ်ရပ်ထားတာလည်းမတွေ့ ကားရပ်ထားတာလည်းမတွေ့။
အခန်းတွေက အကုန်မှောင်နေသည်။
သူတို့တစ်ခန်း လင်းနေတာကိုတော့ သဲ့သဲ့ မြင်ရသည်။
တံခါးကိုအသာခေါက်လိုက်မိတော့... ခြေသံတရှပ်ရှပ်ကြားရသည်။ သူမအိပ်သေးဘူးလား။
တံခါးကို မဖွင့်ခင် ...
" ဘယ်သူလဲ "
" ငါပါ အုပ်စိုး "
" သြော် "
တံခါးအသာလှပ်ဟပေးခဲ့ကာ ကုတင်ဆီ ပြန်သွားသော အနှီဖြူလုံးလေး။
ဟုတ်ပါသည်။ ဒီတစ်ခေါက်ပြန်လာတော့ ညိုလုံးလေးကနေ ဖြူလုံးလေးအဖြစ် အသွင်ပြောင်းနေခဲ့ပြီ။
တံခါးပြန်ပိတ်ကာ လော့ချလိုက်သည်။
အခန်းက Aircon အခန်း။ ကုတင်နှစ်လုံးက နံရံတစ်ဖက်ဆီမှာ။
ယူနီဖောင်းကို ကြယ်သီးဖြုတ်နေရင်း သူ့ဘက်ငဲ့ကြည့်မိသည်။
ကုတင်ပေါ်လှဲကာ ခြေထောက်တစ်ဖက်ထောင်ပြီး တစ်ဖက်ကိုချိတ်ထားသည်။ ဖုန်းကလေးဖွင့်ကာ ပက်လက်ကြည့်နေသောသူ။
ဝတ်ထားတာက အဖြူရောင်စွပ်ကျယ် ခပ်ကြီးကြီးနဲ့ ဘောင်းဘီတိုမို့ မမြင်အပ်တဲ့နေရာလေးတွေတောင် ဖြူဖြူဖွေးဖွေးနဲ့ မီးရောင်အောက်မှာအထင်းသား။
ဟို မမြင်အပ်တဲ့နေရာဆိုတာ ပေါင်တို့ ဗိုက်သားတို့ကို ပြောတာပါဗျာ။ တစ်မျိုးတွေ မတွေးကြပါနဲ့။
STAI LEGGENDO
သူငယ်ချင်းလေးပါတဲ့ Just Friends ( Completed )