အစ

11.9K 731 4
                                    

" မင်းဘယ်​​ကျောင်းတက်​မလဲ ​ယောက်​ဖ "

" ငါဘာဖြစ်​ချင်​လဲ မင်းသိရက်​သားနဲ့ အဆန်းလုပ်​လို့ လာ​မေး​နေရတယ်​လို့ "

" ငါတို့အတူတက်​ရ​အောင်​ ​ယောက်​ဖရာ "

" ​ကျောင်းအတူတက်​ဖို့ မဖြစ်​နိုင်​​တော့တာကြီးကိုများ "

" ဟုတ်​ပကွာ မင်းအဘ ​ပြောင်းလဲ မင်းကျန်​ခဲ့​ပေါ့ "

" ဘယ်​လိုလုပ်​ ရမလဲကွ အမကလည်း ပြန်​​ခေါ်ခဲ့ဖို့​ပြောတယ်​ "

" ဟား ငါ့​ယောက်​ဖကြီး အညာသားပြန်​ဖြစ်​​တော့မယ်​​ပေါ့ "

" ငါအဲ့ရာသီဥတုပူပူကြီး မကြိုက်​​ပေါင်​ကွာ "

" ဒါ​ပေမဲ့ မင်းတမာရနံ့​တော့ ကြိုက်​တယ်​မလား "

" ခြွင်းချက်​ပါ ကျန်​တာမကြိုက်​ဘူး "

" ဘာဖြစ်​တုန်း မ​ကွေးတိုင်းကို ငါလာလည်​ရင်​ မင်းအစုံလိုက်​ပို့ဖို့ပြင်​ထား "

ဆယ်​တန်း​ဖြေပြီးခါစ ​ကျောင်းသား​လေးနှစ်​​ယောက်​။ ဖခင်​ဖြစ်​သူက တာဝန်​နှင့်​ကျလာသူမို့ သားဖြစ်​သူ သူကပါ လိုက်​ပါလာခြင်း။ အညာသား​တွေ အ​မေကို အမ​ခေါ်တာကို သူနှင့်​မှ ကိုယ်​​တွေ့ကြုံရ။

အုပ်​စိုးပိုင်​ နှင့်​ အံ့ဘုန်း​မောင်​ ဆိုတဲ့ သူတို့နှစ်​​ယောက်​ဟာ ၄တန်းအရွယ်​ကတည်းက သိလာကြတဲ့ သူငယ်​ချင်းနှစ်​​ယောက်​။ အုပ်​စိုးပိုင်​ဟာ အငယ်​ဆုံးပီပီ အစ်​မနှစ်​​ယောက်​နဲ့အစ်​ကိုတစ်​​ယောက်​ကို အင်​မတန်​ဆိုးသည်​။

အံ့ဘုန်း​မောင်​ဆိုတဲ့ အညာသားက​တော့ တစ်​ဦးတည်း​သောသားပီပီ ​အေးတိ​အေးစက်​။ အ​ဖော်​မင်​ရ​ကောင်းမှန်းမသိ။ ​ပြောင်းလာခါစက မိခင်​ဖြစ်​သူက မ​ကွေးမှ ပွဲရုံကိုထားခဲ့၍မဖြစ်​၍ ဖခင်​ဖြစ်​သူ တာဝန်​ကျရာ YIT ကို အံ့ဘုန်း​မောင်​ကပါ လိုက်​ပါလာခြင်း။

TTC ​ကျောင်းသားဖြစ်​ရတာ မ​ကောင်းပါ။ စံပြဆိုတာကြီးက ​နေရာတကာ။ သို့​သော်​ အုပ်​စိုးပိုင်​တစ်​​ယောက်​ အံ့ဘုန်း​မောင်​ဆို​သော စက်​ရုပ်​က​လေးနှင့်​ စခင်​ကတည်းက စံပြကိုမ​ကြောက်​​တော့​သော ​ကျောင်းသား​ကောင်း​လေးနှစ်​​ယောက်​ဖြစ်​လာသည်​။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now