အမြဲလိုလို မိုးတွေစွေရွာသော ဒီနယ်မြေ။ အေးချမ်းတာကလွန်လို့ စိမ့်တက်နေအောင် ချမ်းလှသည်။ သူလည်းဘယ်ဘဝကရေစက်ရယ်ကြောင့် ဒီနယ်မြေဆီရောက်နေရသည်မသိ။
" အုပ်ကြီးရေ ဗျို့ အုပ်ကြီး "
" ဝေ ဘာတုန်းဟ ကုလားလေးရ "
" ဖုန်းလာနေတယ်ဗျို့ "
" ဘယ်ကတုန်း ဦးစီးမေးရင် မရှိဘူး ပြောလိုက်ကွာ "
" ဦးစီး မဟုတ်ဘူးဗျ ပခုက္ကူကတဲ့ "
" အေး လာပြီကွာ "
ပခုက္ကူက ဘယ်သူပါလိမ့်။ လုပ်လက်စ စာရင်းတွေ ပစ်ချပြီး နှစ်ထပ်ပျဉ်ထောင်လေးကနေ ပြေးဆင်းကာ မိုးရေထဲကနေပဲ ခပ်လှမ်းလှမ်းက ဖုန်းထားတဲ့ ရှင်းလင်းဆောင်ထဲ ပြေးလိုက်သည်။
ပြောတော့သာ ရှင်းလင်းဆောင်။ ဒါကြီးက ဇရပ်သာသာလေးဆိုတာ မြင်တာနဲ့အသိသာကြီးရယ်။
ကမ်းရိုးတန်းဖုန်းလေးဘေးချထားတဲ့ ဖုန်းခွက်ကိုကောက်ယူရင်း စိုသွားတဲ့ ဆံပင်ကို လက်နဲ့ခါချမိသည်။
" ဟယ်လို အမိန့်ရှိပါခင်ဗျာ "
" အုပ်စိုး လား "
" မင်း ဘယ်သူ.... "
" ငါပါ အံ့ဘုန်း "
" ဟာ အံဘုန်း မင်းကွာ ငါက ပခုက္ကူက ဆိုလို့ ဘယ်သူများလဲလို့ ဘယ်ကရတာလည်းကွ ဒီဖုန်းနံပါတ် "
" အရင်ရုံးကနေ လှမ်းမေးကြည့်တာ "
" သြော် အေးပါကွာ ဘာတုန်းယောက်ဖ ပြော "
" ငါ မင်းဆီလာမလို့ အဲ့ဒါ မင်း မန်းလေး ဆင်းလာခဲ့ "
" ဟေ ငါ့ဆီလာမလို့..... ယောက်ဖ မင်းနော် ငါမြို့ကြီးပြကြီးမှာ တာဝန်ကျတုန်းက လာပါဆိုတော့မလာဘူး၊ ဒီပုစိညောင့်တောက် နေရာကျမှ လာချင်ရတယ်လို့ "
" ဘာလဲ မလာရဘူးလား "
" မဟုတ်ရပါဘူးကွာ လာပါလေ့ ဘယ်နေ့တက်လာမလဲ "
ŞİMDİ OKUDUĞUN
သူငယ်ချင်းလေးပါတဲ့ Just Friends ( Completed )