Present Time 13

4.9K 469 16
                                    

" မင်းအခု ဘာ​ပြောလိုက်​တာ "

သူက.. သူက ကျွန်​​တော့ကို မချစ်​​​တော့ဘူးတဲ့လား။

ဒါဆို .. သူငယ်​ငယ်​ကတည်းက ခိုးချစ်​​နေရတယ်​ဆိုတဲ့လူက  ကျွန်​​တော်​လား။

မဖြစ်​နိုင်​ဘူးလို့​ပြော​နေတဲ့လူက ကျွန်​​တော်​တဲ့လား။

ကျွန်​​တော်​မသိပါဘူးလို့ ခဏခဏ​ပြော​နေတတ်​တဲ့ အ​ကြောင်းအရာထဲက ကာယကံရှင်​က ကျွန်​​တော်​တဲ့လား။

သူဟာ ကျွန်​​တော်​မသိ​အောင်​ သိုဝှက်​​နေရင်း ကျွန်​​တော့ကို ဘယ်​​လောက်​​တောင်​များ အားနာ​နေလိမ့်​မလဲ။

ဒါ​တောင်​ကျွန်​​တော်​မသိပဲ သူ့အတွက်​ ​တွေး​ပေး​နေခဲ့တာ။ သူ့ဘက်​ငဲ့ပြီး သူ့အတွက်​ ပူ​ဆွေး​ပေးခဲ့ရတာ။ သူက​တော့ တစ်​ဖက်​က​နေဖွင့်​​ပြောပြီး တစ်​ချိန်​တည်းမှာပဲ အပြုအမူ​တွေ ထူးဆန်း၊ တစ်​ချိန်​တည်းမှာပဲ အပြုအမူ​တွေ ရိုးစင်း​နေခဲ့တယ်​​ပေါ့​လေ။ ငါကိုယ်​ကပိန်းတာပါ​လေ။ မင်းကို အရမ်းသိပါတယ်​လို့ ငါ့ကိုယ်​ငါထင်​​နေတဲ့ ငါကိုယ်​က ပိန်းတာပါ။

ငုံ့ပြီးငို​နေ​သော မျက်​နှာကို ပင့်​မကာ ပြန်​​မေး​တော့ ... ရဲ​စွေး​နေ​သော မျက်​နှာ​လေး...

" ဟမ်​ "

" ငါ့ကို ချစ်​တယ်​လို့​ပြောလိုက်​တာလား "

ကျွန်​​တော့အ​မေး​ကြောင့်​ သူက မျက်​လုံး​လေး​တွေ ပြူးလာကာ တုန်​ရီလာသည်​။

" မင်းအဲ့ဒါ​ကြောင့်​ ငါ့ကို ပြန်​သင့်​ပြီလို့​ပြောတာမဟုတ်​ဘူးလား "

" ဟင့်​အင်း ဒီမှာ​နေတာ ကြာ​နေပြီမို့ မင်းအိမ်​က စိတ်​ပူမှာစိုးလို့​ပြောတာ "

ဒါဆို ကြီး​မေက ကျွန်​​တော့ကို အကုန်​​ပြောလိုက်​တယ်​ထင်​ပြီး သူအလန့်​တကြားနဲ့ ​ပြောမိလိုက်​တာထင်​တယ်​။ ဒီလို​တွေ အထင်​မလွဲမိရင်​ ငါ့က တစ်​သက်​လုံးမသိရ​အောင်​ မင်းဖုံးကွယ်​ထား​တော့မှာလား အံ့ဘုန်း။

" အာ .... မင်း​ပြော​တော့ အကုန်​သိလာတယ်​ဆို "

နားရွက်​​တွေပါ နီလာကာ အသံ​တွေတုန်​လာပုံ​ထောက်​...

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now