Present Time 25

5.1K 417 5
                                        

အချိန်​မဟုတ်​ အခါမဟုတ်​ ရွာသွန်းေ​နသောမိုးရေစက်တွေကြောင့် သူ့ရင်တွေပါ အေးခဲလာနေသည်ဟု ခံစားရသည်။ မှန်ပြတင်းကနေ အပြင်ကို ငေးကြည့်နေရင်း အတွေးတို့က ဟိုရောက်ဒီရောက်။

အတွင်းဘက်ကုတင်ပေါ်တွင်တော့ ဆေးအရှိန်နှင့်အိပ်ပျော်နေသော လူသားလေး။ မင်းပဲကောင်းတယ် ... မင်းဘာသာ အပူအပင်မရှိပဲ အိပ်ပျော်နေတာ အရမ်းကောင်းတယ်။

ကုတင်ဆီပြန်လျှောက်လာကာ ကုတင်ဘေး လူနာစောင့်ခုံလေးမှာထိုင်ရင်း မနိုးလာသေးသော လူသားလေး၏ လက်ကို အသာထွေးဆုပ်မိသည်။

ဆေးအပ်တွေမရှိတော့ပြီမို့ လွတ်လွတ်လပ်လပ် ကိုင်လို့ရပေမဲ့ ထိလိုက်ရင် ပဲ့ကြွေသွားမှာ အရမ်းကြောက်ပါသည်။

အရင်လို ညိုပြာညက်အဖြစ်ပြန်လာရင် ပိုတောင်ကောင်းမှာပါလေ။

မောင် ငါမင်းကို ဘာလို့ချစ်မိသွားမှန်းမသိတော့ဘူး။ ချစ်နေပြီလို့ သိလိုက်ရတဲ့အချိန်မှာ ငါ မင်းကိုအဆုံးရှုံးမခံနိုင်တော့ဘူး။

နိုးလာတဲ့အခါ ... မင်းဖုံးကွယ်ထားတဲ့အရာတစ်ခုကို ငါသိသွားလို့ မင်းစိတ်ထိခိုက်သွားမလား။

ဒါမှမဟုတ် ဗြောင်ငြင်းမလား။

ဒါမှမဟုတ် ထွက်သွားဖို့ပြောမလား။

ငါတစ်ခုမှနားမထောင်ချင်ဘူးဆိုရင်ရော။

မင်းကိုနိုးလာစေချင်ပေမဲ့ အခုတော့လည်း မနိုးလာစေချင်ပြန်ဘူး။

ငါအရမ်းကို တစ်ကိုယ်ကောင်းဆန်နေပြီလားဟင်။

တစ်ဖက်သူမကြားနိုင်တဲ့စကားတွေကို အသံတိတ်ဆိုနေတုန်း လက်ထဲကိုင်ထားတဲ့လက်လေးတွေက လှုပ်လာတာကိုခံစားလိုက်ရတော့ မျက်နှာလေးကြည့်မိတော့ မျက်တောင်လေး ပုတ်ခပ်ပုတ်ခပ်နဲ့ နိုးလာပြီ။

" နိုးလာပြီလား "

" အခုဘယ်မှာလဲ "

အသံတွေအက်ရှခြောက်ကပ်နေတာကြောင့် ရေဆာနေမည်ဟုထင်သည်။ လှဲနေရာမှ ထူပေးကာ  ရေခွက်လေးကမ်းပေးတော့ အကုန်သောက်ချသည်။

စီးကျသွားတဲ့ရေစက်လေးကို နှမျောတသနဲ့ သူလိုက်သုတ်တော့ မျက်လုံးလေးဝင့်ကာ ကြည့်လာသည်။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ