Present Time 9

5.3K 502 22
                                        

🎵သူငယ်​ချင်း​လေးပါတဲ့ သူငယ်​ချင်း​လေးပဲတဲ့ကွယ်​ ဒီလိုအကြိမ်​ကြိမ်​အခါခါ ​ပြောပါတယ်​ ချစ်​ရသူရယ်​ ​နောက်​ထပ်​​နောက်​တစ်​​ယောက်​မရှိဘူး ယဉ်​ယဉ်​​လေးနဲ့ရူး​တော့မယ်​ အချိန်​​တွေကုန်​လို့ အသက်​​တွေကြီးကုန်​ရင်​ ခက်​ရချည်​ရဲ့ 🎵

မန္တ​လေးဝင်​ခါနီးပြီ ဖြစ်​၍ ကားကို အမြန်​မ​မောင်း​တော့ပဲ ပုံမှန်​​မောင်းလာခဲ့သည်​။ ညကြီးသန်း​ခေါင်​ တိုက်​ခန်းဆီလည်းမသွားချင်​​တော့။

မြို့ပြင်​ပြန်​ထွက်​လာပြီး တစ်​ခါတည်း တံတားဦးဘက်​ လာခဲ့မိ​တော့သည်​။

နာရီကြည့်​​တော့ မနက်​ ၃နာရီ။

ညက ထွက်​လာတာ​ တမင်​​နောက်​ကျပြီးမှ ဆို​တော့ ဒီအချိန်​​ရောက်​တာ မထူးဆန်း။ ဦးစီးတူမက ​လေယာဉ်​နှင့်​လာမှာဖြစ်​၍ တံတားဦးဘက်​သာထွက်​လာခဲ့သည်​။

အမြန်​လမ်းဘက်​ ဖြစ်​၍ ကားအသွားအလာက ရှင်းသည်​။

ထူးထူးဆန်းဆန်း ဒီတစ်​ခါ တစ်​ညလုံး မအိပ်​လာပဲ အနားမှာ ထိုင်​လာသည်​။ စိုင်းစိုင်းBD CD ကို တစ်​လမ်းလုံးဖွင့်​လာပြီး ဒီသီချင်းကို လိုက်​လိုက်​ဆို​နေ​သော သူ့​ကြောင့်​ ...

လာကာစက အချစ်​ပူမိ​နေတယ်​ဆိုတာ​လေး သတိရသွားမိသည်​။ သူ .. သူ့သူငယ်​ချင်းတစ်​​ယောက်​​ယောက်​ကိုများ ကြိုက်​​နေတာလား။

ဟိုက ပြန်​မကြိုက်​လို့ စိတ်​ညစ်​​နေချိန်​ အိမ်​က မိန်းမ​ပေးစားမယ်​ဆိုလို့များ အိမ်​မပြန်​ပဲ ကျွန်​​တော့ဆီ လာ​သောင်​တင်​​နေတာများလား။

သီချင်းတစ်​ပုဒ်​လုံးမှာ chorus ​နေရာ​လေးပဲ လိုက်​ဆို​နေ​သော သူ့အသံက ကားစက်​သပ်​လိုက်​ခါမှ တိတ်​ကာကျသည်​။

" ဘယ်​နှစ်​နာရီရှိပြီတုန်း "

" ၃နာရီ ၁၇ "

" အိမ်​မဝင်​ဘူးလား "

" မဝင်​​တော့ဘူး ​ဟိုက ​ရောက်​တာနဲ့ တန်းထွက်​မှာ "

" ဘယ်​ချိန်​ဆင်းမှာလဲ "

" မနက်​ ၆နာရီ "

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Donde viven las historias. Descúbrelo ahora