မထင်မှတ်ထားတဲ့နေရာ မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့သူကို ရုတ်တရက်တွေ့လိုက်ရတော့ အသက်ရှူရပ်မတတ် အေးခဲသွားသလို ခံစားဖူးပါသလား။
ကျွန်တော်တော့လက်ရှိခံစားဖူးပါပြီ။
" ပြန်လာပြီလား ပိုင် "
" မင်း "
" ဘာလဲ ငါလာတာ မကြိုဆိုဘူးလား "
" ..... "
" အနေဝေးရင် သွေးအေးတယ်ဆိုတာတွေ ငါသိပေမဲ့ ငါတို့ကြားမှာ သူငယ်ချင်းသံယောဇဉ်တော့ရှိဦးမှာပါလို့ တွေးပြီးလာခဲ့တာ ... အခုကျတော့ ... အင့် "
စကားတွေများနေတဲ့ လူသားလေးကို လျှောက်မတွေးအောင် ပြေးဖက်လိုက်မှ အသံတို့တိတ်ကျသွားသည်။
ရင်ခွင်ကွက်တိဖြစ်နေတဲ့ ကိုယ်လုံးလေးကို သိမ်းပွေ့ဖက်ထားမိကာ စိတ်ထဲ မခံချိမခံသာ ခံစားနေရတာတွေ ပျောက်ကွယ်မလား ရည်စူးပြီး တင်းတင်းလေးဖျစ်ညစ်မိသည်။
" ဖြည်းဖြည်းလုပ်ပါဟ ငါမပျောက်သွားပါဘူး "
" အိပ်မက်ထင်နေတာ "
" ဟင် "
" မင်းကအမြဲ ငါ့အိပ်မက်ထဲမှာ ဒီလိုလေးတွေ့တွေ့နေရတယ်.. လန့်နိုးလာတိုင်း မဟုတ်ဘူးဆိုတာလေးက ဖြစ်နေကြမို့ ... အခုလည်း အိပ်မက်လို့ထင်လို့ "
" ငါအစစ်ပါ ပိုင်ရာ "
" ဘယ်လို ခေါ်လိုက်တာလဲ "
" ပိုင် လို့လေ မကြိုက်ဘူးလား "
" မကြိုက်တာ မင်းမဟုတ်ဘူးလား မိန်းမဆန်တယ်ဆိုပြီး အမြဲတွေးနေတာလေ "
" အခုမတွေးတော့ဘူး ငါပိုင်တဲ့အရာမို့ ပိုင်လို့ခေါ်မှာ "
" ဘယ်လို ... "
" ဟုတ်တယ် မင်းက ငါ့အပိုင်လို့တွေးဖို့အချိန်ရောက်ပြီ "
နှစ်ယောက်လုံးက ချစ်နေပါတယ်လို့သိရုံနဲ့ ကျေနပ်ခဲ့ရာကနေ အခုလိုပြောင်းလဲလိုက်ကြဖို့ တွေးတာက နည်းနည်းတော့ ကတိုက်ကရိုက်ဆန်နေသလိုပဲ။
YOU ARE READING
သူငယ်ချင်းလေးပါတဲ့ Just Friends ( Completed )