Present Time 10

4.9K 504 35
                                    

🎵သူစိမ်းလိုလည်းမ​နေချင်​ဘူး ဒါ​ပေမဲ့ ချစ်​သူငါမဟုတ်​ဘူး အ​ဝေးမှာလည်းမ​နေလိုဘူး ဒါ​ပေမဲ့ မင်းနဲ့ငါမနီးဘူး သူငယ်​ချင်း​လေး တစ်​​ယောက်​လို​နေဖို့ လွယ်​လွယ်​​လေးနဲ့ ဖြတ်​ခဲ့လို့ 🎵

🎵 ​ရေအိုင်​ထဲက လရိပ်​ချို 🎵

သူဆို​နေတဲ့ သီချင်းကို အဆုံးပိတ်​​ဆို​ပေးလိုက်​​တော့ လှည့်​ကြည့်​လာသည်​။ ညကနက်​ပြီမို့ တိုးတိုးသက်​သာ သီဆို​နေ​သောသူက အ​မှောင်​ထုကဲ​နေ​သော အပြင်​ဘက်​ကို ​လှေကားခုံတွင်​ထိုင်​ပြီး ငြိမ်​သက်​​နေခြင်း။

" ရတာပဲလား ဒါ​တွေလည်း "

" ရတာ​ပေါ့ "

" မသိပါဘူး မင်းက IC Fan ဆို​တော့ "

" IC Fan ဖြစ်​​တော့​ရော Pop နဲ့ Hiphop နားမ​ထောင်​ရ​တော့ဘူးလား "

" အဲ့လိုမဆိုလိုပါဘူး "

ငြိမ်​သက်​သွား​သော သူ့ထံ ည​နေကကုလား​လေးလာပို့​သော ဘီယာဗူး​လေး ​ဖောက်​ကာ လှမ်း​ပေးမိ​တော့ ယူ​သောက်​သည်​။ ဒီည​တော့ တစ်​ဗူး​လောက်​ပဲ ​သောက်​မှပါ။ ​မေးစရာရှိတာ​လေးကို မ​မေးပဲ သူကိုယ်​တိုင်​​ပြောထွက်​လာမလား​စောင့်​​နေရင်း အချိန်​သာ ကုန်​သွားမည်​။ စိတ်​ထဲက မတင်​မကျကြီးက အသက်​ရှူကျပ်​လာလိမ့်​မည်​။

" ကဲ ခုတ​လော သူငယ်​ချင်းသီချင်း​တွေပဲ ဆို​နေတယ်​​နော်​ ဘာလဲ ကြိုက်​​နေရတဲ့သူက အတန်း​ဖော်​လား "

မ​ဖြေဘဲ ဘီယာကိုသာ တစ်​ဗူးလုံး​မော့ချ​နေသူကို အတင်းလှမ်းဆွဲရသည်​။

" ဟ ဟ ဖြည်းဖြည်း​သောက်​ပါ ​ယောက်​ဖရာ မကြိုက်​ရင်​မ​မေး​တော့ဘူး အဲ့လို​တော့ အသံတိတ်​ဆန္ဒမပြပါနဲ့ "

" ​ဖြေမယ်​ ဒါ​ပေမဲ့ ​ဖြေဖို့အတွက်​ ငါ​သောက်​ဖို့လိုတယ်​ အုပ်​စိုး "

အင်း ထူးဆန်း​ထွေလာလူသား။ ဦးစီးတူမ လာစဉ်​က တစ်​ပိုင်​တည်းပိုင်​​နေသူက ခု​တော့ အုပ်​စိုးတဲ့လား။ ​ခေါ်ချင်​သလို​ခေါ်ပါ​လေ။ သူစိတ်​ချမ်းသာဖို့က အဓိက။

" ငါ့မှာ ချစ်​​နေရတဲ့သူရှိတယ်​ "

" အင်း "

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now