Present Time 12

4.8K 514 14
                                    

" ငါ တိုင်းရုံးကိုသွားရမယ်​ မင်း​နေခဲ့လို့ဖြစ်​တယ်​မလား "

" ဖြစ်​တာ​ပေါ့ ဘယ်​နှစ်​ရက်​ကြာမှာလဲ "

" ၃ရက်​ပါ ထပ်​မကြာ​စေရဘူး "

" ထပ်​ကြာလည်း ဘာမှမဖြစ်​ဘူး "

" မှာစရာရှိ​သေးလား "

" မရှိပါဘူး ကားသာ ဂရုစိုက်​​မောင်း အလျင်​မလိုနဲ့ "

" ​အေး ည​နေ သွားမှာ လူကြီးလည်းပါတယ်​ "

" အင်း အဝတ်​အစား​တွေ ဘာ​တွေ ကူလုပ်​​ပေးရဦးမလား "

" ​နေ​ပေ့​စေ uniform နဲ့​နေရမှာ သိပ်​အလုပ်​မရှုပ်​ဘူး "

" ​အင်း ပြီး​ရော စားပြီးရင်​ ထားခဲ့လိုက်​ ငါပဲ​ဆေးလိုက်​မယ်​ "

" ​အေး​အေး ငါပြင်​စရာရှိတာ​လေး သွားပြင်​လိုက်​ဦးမယ်​ "

တစ်​လပြီးတစ်​လကြာမြင့်​လာတာ..  သူ​ရောက်​လာတာ အခုဆို ​လေးလ​တောင်​ရှိ​နေပြီ။ အိမ်​ပြန်​ဖို့ တစ်​ခွန်းမဟသလို ဒီလို​ခြောက်​ကပ်​ကပ်​​နေရာမှာ ရ​အောင်​​နေသည်​။

အလုပ်​ကလည်း မ​ခေါ်​အောင်​ သူဘယ်​လိုများ လုပ်​ခဲ့ပါလိမ့်​ မ​တွေးတတ်​​တော့​ပေ။

..................

မန္တ​လေးမှာ လူကြီးသွားသမျှ ​နောက်​ကလိုက်​ရသည်​။ ယခင်​က ရာထူးနဲ့ဆို သူ့​နောက်​ကသာ လူ​တွေက လိုက်​ရမှာ။

ကိုယ့်​ဘာသာ ရာထူးကျကာ နယ်​​မြေပိစိ​လေး​တွေဆီ အပို့ခံထားရ​တော့ ... အင်း.. ဒီလိုပါပဲ​လေ .. ​ရေစီးတစ်​ခါ​ရေသာတစ်​လှည့်​​ပေါ့။

" အလုပ်​ကပြီးပြီဆို​တော့မင်းတို့ ပြန်​ချင်​ပြန်​လို့ရပြီ ဆရာတို့က ​နေပြည်​​တော်​သွားရမှာ မင်းတို့လိုက်​စရာမလို​တော့ဘူး .... မရှင်းတာရှိလား "

" မရှိပါဘူးဆရာ "

" ​ကောင်းပြီ ​လေးစားပါတယ်​ "

" ​လေးစားပါတယ်​ဆရာ "

..............

မြင့်​မြင့်​ခင်​ မုန့်​တိုက်​​ရှေ့ ကားရပ်​မိ​တော့ ...

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Opowieści tętniące życiem. Odkryj je teraz