မကြီး ရန်ကုန်ကိုပြန်သွားပြီးကတည်းက အိမ်မှ ဘာမှဆက်သွယ်မလာသေးပေ။ မသိကြတာတော့မဟုတ်။ သိတော့သိပေလိမ့်မည်။
သိလည်းကြောက်စရာတော့မဟုတ်ပါဘူးလေ။ သူတို့နှစ်ယောက်က ပညာလည်းစုံပြီး အလုပ်အကိုင်ကိုယ်စီနဲ့ ဖြစ်ကာ ပတ်ဝန်ကျင်အမြင်မသင့်အောင် မနေတဲ့သူတွေပဲလေ။
အိမ်ကသိသွားလို့ ခွဲကြခွာကြမှာ သိပ်ကြောက်စရာမလိုအောင် သူထင်သည်။
အံ့ဘုန်းဟာ အလုပ်တော့ဆက်လုပ်သည်။ သို့သော် siteထဲဆင်းတဲ့အလုပ်တော့မဟုတ်။ သူကarchi မို့ အိမ်ထဲတွင်ပင် အလုပ်လုပ်၍ရသည်တဲ့လေ။
အခုဆို အိမ်သို့ သူရောက်နေတာ နှစ်ဝက်နီးပါးရှိပြီ။ သူချက်လိုက် အံဘုန်းလက်ရာမကောင်းမကန်းစားလိုက်ရလိုက်နဲ့ ဘဝကြီးက သာယာနေသည်။ အိမ်ထဲတွင်ပဲ အနေများ၍လားမသိ။
အံ့ဘုန်းဟာ တစ်နေ့တစ်ခြား ဖြူရော်လာတာ ယခုဆို ပိုးဟပ်ဖြူလေးဖြစ်နေပြီ။ ကိုယ်လုံးလေးက မဝလာပဲ မျက်နှာလေးတစ်ခုသာ ကွက်၍ ပြည့်နေသည်။
အားဆေးတွေဝယ်ပေးပါသော်လည်း အနှီလူသားလေးဟာ မသောက်ပေ။ အင်မတန်ခေါင်မာပုံက သူသြချရသည်။
အတင်းတိုက်ဖို့ကြိုးစားရင် ဘယ်ကတတ်လာမှန်းမသိသော puppy eye တွေနဲ့ တိုက်ခိုက်သည်။
မင်းအရမ်းပြောင်းလဲသွားတယ် လို့ပြောမိရင် ...
ငြိုငြင်တာလား လို့ မေးတတ်နေပြီ။
ဒီလူက မင်းကို ငြိုငြင်ရက်ပါ့မလားလေ။ ချစ်လို့တောင်မဝတာ။
......................
ဒီနေ့တော့ အံ့ဘုန်းက ဈေးဝယ်သွားကြဖို့ ပြောထားသည်။ စပို့ရှပ်အဖြူလေးနဲ့ ပုဆိုးဝတ်ထားတဲ့ အံ့ဘုန်းဟာ ကလေးပေါက်စလေးနဲ့သွားတူရအောင်ထိ ပိန်လွန်းသည်။
အားမရလိုက်တာ။ နောက်ပိုင်း အသည်းယားလို့ ဖြစ်ညစ်ချင်ရင်တောင် မတော်တဆကျိုးပဲ့သွားမှာစိုးလို့ သိပ်မဖက်ရဲတော့။
![](https://img.wattpad.com/cover/193672369-288-k26310.jpg)
STAI LEGGENDO
သူငယ်ချင်းလေးပါတဲ့ Just Friends ( Completed )