Ending

15.2K 597 99
                                        

သူတို့ လက်ထပ်ခဲ့တာ ၄နှစ်ရှိပြီ...

စိတ်ကြောင့်လည်းပါမည်.... ဂရုတစိုက်ရှိတာကြောင့်လည်းပါမည် ထင်၏

ဟိုအရင်လို သွေးအလျင်အမြန်ခမ်းခြောက်တာတော့မရှိတော့ပေမဲ့ ... သူတို့သတ်မှတ်ထားတဲ့ သက်တမ်းကျော်နေခဲ့ပြီဆိုတာ ...

မန္တလေးတိုင်းရုံးကနေ ဘယ်ကိုမှ ပြောင်းခွင့်မပေးသော အထက်လူကြီးကို အခုမှ ကျေးဇူးတွေ အခါခါတင်ရသည် ..

သွေးခဏခဏသွင်းနေရသော သူ့အတွက် ဆေးရုံကြီးကြီးမားမားမရှိသော အရပ်သို့ ပြောင်းရမှာ အရမ်းကြောက်ပါသည်...

အိပ်နေတာကြာရင် စိတ်ပူလို့ ခဏခဏ သွားသွားချောင်းရတာလည်း အမော ..

စိတ်မချလို့ အလုပ်သွားတိုင်း သူ့ကိုပါခေါ်သည်။

စစဦးဆုံးက အထင်အမြင်သေးတဲ့ အကြည့်တွေရှိနေပေမဲ့ ..

လူဆိုတာ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပဲလေ.. ဘယ်သူကများ သူများအတင်း တစ်ချိန်လုံး ပြောနေမှာတဲ့လဲ ..

အလုပ်မှာ ကျွန်တော်က ကျွန်တော့်အလုပ် လုပ်.. သူကလည်း သူ့အလုပ်သူလုပ်

ဖြတ်သန်းခဲ့တာတွေက ကြည်နူးစရာအတိ..

..................................

ဒီနေ့တော့ ရုံးပိတ်ရက်မို့ သူတို့ ထမင်းစားပြီးတာနဲ့ နွားနို့ပူပူတစ်ခွက်စီကိုင်ကာ မန်းလေးဆောင်းကို အံတုနေမိသည်။

" ဒီနှစ်ချမ်းတယ်နော် ... "

ကုလားထိုင်လေးပေါ်မှာ ငုတ်တုတ်ထိုင်နေသူကို နောက်ကနေ စောင်လေးပတ်လိုက်တော့ သူက လှည့်ကြည့်ကာ ပြုံးပြလာသည်..

ဖြူဖျော့ဖျော့နှုတ်ခမ်းလေးတွေကို ကြည့်ရတာ အားမရပေမဲ့ .. ပိုပိန်ပိန်လာတဲ့ကိုယ်လုံးလေးကို အားမရပေမဲ့...

ဒါက သူ့ပုံစံပဲလေ ...

" လာထိုင်လေ "

ကုန်စင်သွားသော နွားနို့ခွက်တို့ကို အောက်တွင်ချထားလိုက်ကာ သူ့ဘေးဝင်ထိုင်ရင်း သူ့ပုခုံးလေးဖက်တော့.. ရင်ခွင်ထဲ တိုးကာ မှီထိုင်လာသူ...

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Место, где живут истории. Откройте их для себя