Present Time 21

4.7K 434 17
                                    

တိတ်​ဆိတ်​​နေ​သော ဧည့်​ခန်းထဲမှာ အသက်​​တောင်​ရဲရဲ မရှူရဲသလို။ ​ကြောက်​​နေတာမဟုတ်​​ပေမဲ့ စိတ်​ထဲမှာ​တော့ တစ်​မျိုးတမည်​ခံစား​နေရသည်​။

" ငါ့ကို ရှင်းပြချင်​စိတ်​များမရှိဘူးလား "

စားပွဲတစ်​ဖက်​တွင်​ မကြီးကထိုင်​ကာ ကျန်​တစ်​ဖက်​တွင်​ သူတို့နှစ်​​ယောက်​။ ဒီအသက်​အရွယ်​​ရောက်​မှ​တော့လည်း ​ကြောက်​​နေတာမျိုး မရှိ​တော့။

အစ်​မဖြစ်​သူ​ရှေ့ အမြင်​မ​တော်​တာ​လေး လုပ်​မိရုံ​လောက်​ဟုသာ ​တွေး​နေမိသည်​။ သို့​ပေမဲ့ ​ပေါင်​​ပေါ်တင်​ထား​သော လက်​ကို လာ​ရောက်​ထိကပ်​လာ​သော ​အေးစက်​​စက်​လက်​​လေး​ကြောင့်​ ရင်​ထိတ်​သွားရသည်​။

သူ​ကြောက်​​နေတာလား။ ဘာလို့လဲ။

အသာပြန်​လည်​ဆုပ်​ကိုင်​လိုက်​ရင်း လက်​နှစ်​ဖက်​နဲ့ အ​နွေးဓာတ်​​ပေး​နေမိသည်​။

" မကြီး ​နောက်​မှ​ပြောရ​အောင်​​လေ ဗိုက်​ဆာ​နေပြီ မကြီးကစားပြီး​ပေမဲ့ ​ကျွန်​​တော်​တို့ဘာမှမစားရ​သေးဘူး "

" ဟင်းးး စား စား "

သက်​ပြင်းတစ်​ချက်​ချကာ စားဟု​ပြော​ပေမဲ့ အကြည့်​တို့ကမလွှဲတာမို့ ဆုပ်​ကိုင်​ထားမိ​သော လက်​​တွေက ပိုတုန်​ရီလာသလို။

" မကြီးက ထိုင်​ကြည့်​​နေမှ​တော့ စားဝင်​ပါ​တော့မလား အိမ်​​ရှေ့မှာ​စောင့်​​နေပါဗျာ ကျွန်​​တော်​တို့လာခဲ့မယ်​ "

" ​ထွေး​နော်​ "

" ကဲ သွားပါဗျာ "

အ​ထွေးဆုံး၏ အာဏာ​လေးထုတ်​သုံး​တော့ မကြီးလည်း မီးဖိုခန်းထဲမှ ထွက်​သွား​တော့သည်​။

ထို​တော့မှ ​ဘေးကတုန်​ရီ​နေ​သော လူသား​လေးကို ​ထွေး​ပွေ့မိ​တော့ အသံတိတ်​ မျက်​ရည်​မိုး​တွေရွာသွန်းပါ​တော့သည်​။

" ရှူးး တိတ်​တိတ်​ ဘာလို့ ငိုရတာလဲ "

" ငါ​ကြောက်​တယ်​ ငါ​ကြောက်​လို့ပါ "

ရှိုက်​သံတစ်​စမထွက်​​အောင်​ အံ​တွေကြိတ်​ကာ မျက်​ရည်​​တွေသာ ဘူးသီးလုံးလို ကျဆင်းလာ​တော့သည်​။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Opowieści tętniące życiem. Odkryj je teraz