Present Time 18

4.8K 425 6
                                    

မနက်​ကတည်းက အိတ်​တစ်​လုံးထဲ ဘာ​တွေထည့်​​နေမှန်းမသိရ။

တစ်​​ယောက်​တည်း အရှုပ်​​တွေလုပ်​​နေ အဲ​လေ အလုပ်​​တွေရှုပ်​​နေပုံရသည်​။

ညက စကားသိပ်​မ​ပြောပဲ ​တွေး​နေမိတာနဲ့ အိပ်​ယာဝင်​​နောက်​ကျခဲ့၍ သူတို့နှစ်​​ယောက်​လုံး အိပ်​ယာထ​နောက်​ကျခဲ့ရသည်​။

တော်​​သေးသည်​။ ဒီ​နေ့ည​နေ ​နေပြည်​​တော်​ဆင်းရမှာဖြစ်​၍ အလုပ်​သွားစရာမလို။

အပြင်​ထွက်​လိုက်​ အထဲဝင်​လိုက်​ အိမ်​​ရှေ့ထွက်​လိုက်​ ​နောက်​​ဖေးဝင်​လိုက်​နှင့်​ မျက်​စိ​တွေ​နောက်​လာ​လေပြီ။

" ​ယောက်​ဖ​ရေ ငါအလုံး​တွေ​နောက်​​နေပြီ​နော်​ ဆပ်​ပြာသည်​လင်​​ပျောက်​​နေတာကျ​နေတာပဲ "

" တိတ်​စမ်း အလုံး​နောက်​ရင်​ ပိတ်​ထား "

နှစ်​​ပေါင်းများစွာ သူငယ်​ချင်း​ပေါင်း​ပေါင်းလာ​တာ​ရော၊ ချစ်​သူရည်​စားစဖြစ်​ချိန်​က အသက်​က ၂၈နှစ်​ဖြစ်​​နေပြီဆို​တာ​ရော​ကြောင့်​ နုယွကြင်​နာစကား​တွေအစား ​ပြောထွက်​လာတာက မြင်​တဲ့အတိုင်းပါပဲ။

" ဘာ​ပျောက်​​နေလို့လဲ ငါရှာ​ပေးမယ်​​လေ "

" ငါ ဘယ်​နားပစ်​ထားမိလိုက်​လဲ မသိ​တော့ဘူး ထားလိုက်​​တော့ "

" အ​ရေးကြီးလို့လား ကူရှာ​ပေးမယ်​ဆို​နေ "

" ရတယ်​ .. "

ပြောရင်း ​မောသွားဟန်​နှင့်​ အနားမှာ လာထိုင်​သည်​။ ​ချွေးစို့​နေ​သော နဖူးကို လက်​နှင့်လှမ်းသုတ်​​ပေး​တော့ မရုန်းဖယ်​ပါ။ အသာငြိမ်​​နေပြီး မျက်​လုံး​တောင်​မှိတ်​ထား​ပေးသည်​။ သူ​ကောင့်​သား​လေးက ငြိမ်​ခံ​နေတာ ဇိမ်​ခံ​နေတာဟ။

ခွေးစို့​နေတဲ့ နဖူး​လေး​တွေ ၊ ​သွေး​ကြော​တွေယှက်​ဖြာ​နေတဲ့ ပါးပြင်​၊ နားထင်​စိမ်းမြမြနဲ့ နားရွက်​နီနီ​လေး​တွေ။

ကြည့်​​နေရင်း သွား​တွေယားလာသလိုပဲ။ ကိုက်​စားချင်​လိုက်​တာ။

" မင်းဘယ်​အချိန်​သွားမှာလဲ "

ချွေးသုတ်​​ပေးရင်း ​ငေး​နေမိတာကို မျက်​လုံးမဖွင့်​ပဲ ​မေးလာသံ​ကြောင့်​ လူက လန့်​သွားရသည်​။ ဟုတ်​တယ်​​လေ ငမ်း​နေမိတာကိုး။

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now