အဲ့ဒီအချိန်တုန်းက လမ်းလျှောက်သင်္ကြန်မပေါ်လောက်သေးပါဘူး။ ဧရာဝတီတံတား (ပခုက္ကူ)ကြီး ပြီးစီးချိန်ဟာ နှစ်တွေကြာပြီမို့ အချိန်တွေ ရောထွေးသွားရတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။
.........
မိုးလေတဝုန်းဝုန်းအသံနဲ့မို့ အိပ်မောကျနေရာမှ နိုးလာသည်။ ရာသီဥတုကအေးစိမ့်စိမ့်ဖြစ်လာတာမို့ ရင်ခွင်ထဲက လူသားဟာ တိုးဝှေ့ဖက်၍ အိပ်ကောင်းတုန်း။
ခြေရင်းက နံရံကပ်နာရီဆီ အကြည့်ရောက်တော့ နေ့လည် ၂နာရီ။ မနက်စာပေါက်စီနဲ့Teaက ဘယ်လောက်ခံမှာမို့တုန်း။
ဗိုက်က အချက်ပြနေပြီမို့ ရင်ခွင်ထဲက လူကိုအသာနှိုးရတော့သည်။ သူလည်းဆာနေလောက်ပြီ။
" အံ့ဘုန်း ... အံ့ဘုန်း ... ထတော့လေ ၂နာရီတောင်ရှိပြီဟ.. ထမင်းသွားစားရအောင် "
" ဟင့်အင်း.... အိပ်ချင်သေးတယ် "
" တော်ပြီလေ သွေးတွေလေးကုန်မယ် .... စားချိန်တောင်ကျော်နေပြီ ... မဆာဘူးလား "
" ဟင့်အင်း အိပ်မယ် "
အိပ်ပုတ်တာ မင်းလား ငါလားဟမသဲကွဲတော့ဘူး။
နှိုးလေ ရင်ခွင်ထဲ ဝင်တိုးလေ လုပ်နေတဲ့ သူ့ကို အခုမှ သေချာကြည့်မိသည်။ပိန်သည်။ မျက်တွင်းတစ်ဝိုက် ညိုမည်းနေတာက အိပ်ရေးဝဝအိပ်ရပုံမပေါ်။ အသားအရည်က နေလောင်ခံရ၍ ပျက်စီးညိုမည်းနေပုံမျိုး။
နှုတ်ခမ်းမွှေးတွေလည်း ရိတ်သင်ပုံမရ။ ခေါင်းကို ခပ်ဖွဖွထိကြည့်တော့ ဆံပင်တွေက ကြမ်းရှနေသည်။ ဂုတ်မထောက်ပေမဲ့ ရှည်နေပြီ။
အနားတိုးကပ်ကာ အနံ့ခံကြည့်တော့ ဆံပင်တွေဟာ နေစော်နံသည်။ ဘယ်လောက်တောင်ပစ်စလတ်ခပ် နေခဲ့တာတုန်းကွာ။
" ထမင်းသွားမယ် ပြန်လာမှ အိပ်ချင်အိပ်ကွာ "
ရင်ခွင်ထဲမှလူကို အသာဆွဲထုတ်ကာ သူ ကုတင်မှထပြီး ရေချိုးခန်းဝင်ကာ မျက်နှာပြန်သစ်လိုက်သည်။
YOU ARE READING
သူငယ်ချင်းလေးပါတဲ့ Just Friends ( Completed )