Present Time 7

4.8K 496 11
                                    

" အမျိုး​ကောင်း​လေး လန့်​​သေ​အောင်​လို့လား "

တခွိခွိအသံထွက်​လာပါ​မှ ကျွန်​​တော့ကို ထ​အော်​​တော့သည်​။

" မအိပ်​​သေးဘူးလားဟ "

" အိပ်​​ပျော်​​နေပြီ​လေ မင်းလုပ်​လို့ နိုးလာတာ "

" ငါဘာမှမလုပ်​ရ​သေးပါဘူး "

" တံခါးလာ​ခေါက်​တယ်​​လေ အရူး​ကောင်​ ဒီမှာ လန့်​​သေ​တော့မလို့ "

" ​​ဆောရီး ​ဆောရီး ငါ ဒီတိုင်း စချင်​သွားလို့ "

" ဘယ်​ချိန်​က ပြန်​​ရောက်​တာလဲ "

" ၈နာရီ ​ရေမိုးချိုးပြီးမှ ပြန်​လာခဲ့တာ ချမ်းလိုက်​တာကွာ "

" ဒီချိန်​ကြီး ​ရေချိုးပြီးမှ လာတယ်​ မင်းဟာခဲသွားမှာ မ​ကြောက်​ဘူးလား "

" မခဲ​လောက်​ပါဘူး ငါက ကျန်းမာ​ရေး​ကောင်းပြီးသား "

ပြောတာကသူ​လေ။ ပြန်​​ချေပတဲ့ ကျွန်​​တော့စကားမှာ မျက်​နှာ​တွေ ရဲသွားရသည်​တဲ့လား။

" ​အေး​နေတာပဲ လာလာ ​စောင်​ထဲ ဝင်​​တော့ ... ထမင်း​ရောစားခဲ့ပြီးပြီလား "

" ပြီးပြီ ​... ဂတ်​ဂတ်​ဂတ်​ ​စောင်​ထဲဝင်​မှ ပိုချမ်းလာသလို "

စချင်​​နောက်​ချင်​၍ ​ပြောမိသမျှက ​နောက်​ဆုံး ကျွန်​​တော်​ပဲ ​နောင်​တရရမည်​မှန်းသာ သိရင်​ မ​ပြောပါဘူးဗျာ။

" ချမ်းရင်​ ငါဖက်​ထား​ပေးမယ်​ "

မမှီတမှီ သူ့လက်​နှစ်​ဖက်​နဲ့ ​ထွေး​ပွေ့လာ​တော့ ဒီလူက သူ့ရင်​ခွင်​မှာ ​တောင့်​ခနဲ။

အရပ်​ချင်းက ကွာ​နေ​တော့ သူ့ထွက်​သက်​ ပူပူ​နွေး​နွေး​တွေက ကျွန်​​တော့လည်​ပင်းဆီ လာပြီး ရိုက်​ခတ်​​နေ​တော့ လူက ​ရေငတ်​လာသလိုလို။

" ပင်​ပန်းလာတယ်​မလား အိပ်​​တော့ "

" အင်း အင်း "

အိပ်​​ပျော်​ပါ့မလားဟာ။ ငါ​တော့ ဒုက္ခနဲ့လှလှနဲ့ ​တွေ့ပါပြီ။

.............................................................................

" အားလားလား "

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now