Present Time 1

6.4K 550 7
                                    

" ​ယောက်​ဖ ငါဒီမှာ "

ကား​ပေါ်က ယိုင်​တိုင်​တိုင်​ဆင်းလာ​သော အညာသားဟာ လုံးဝအညာသားပီသ​နေပါပြီ။ အရင်​က ဖြူ​ဖွေး​ဖွေး လုံးတုံးတုံးလူငယ်​​လေးဟာ ညိုညက်​ညက်​အသားအရည်​နှင့်​ အင်​ဂျင်​နီဟာ ပီသပါ​ပေစွ။

လွယ်​လာ​သော ​ကျောပိုးအိတ်​ကို ထိုင်​​နေ​သော ကျွန်​​တော့ရင်​ဘတ်​ဆီ ပစ်​​ပေးရင်း ​ဘေးကထိုင်​ခုံ​ပေါ်ဝင်​ထိုင်​သည်​။

ခြေပစ်​လက်​ပစ်​ထိုင်​ရင်း မျက်​လုံးကိုမှိတ်​ထား​သော အနှီလူသားအား နှိုးရ​ကောင်းနိုး မနှိုးရ​ကောင်းနိုး။

ကားဂိတ်​ထဲ လူအားလုံးကုန်​သည်​အထိ အနှီအညာသားဟာလုံးဝမျက်​လုံးဖွင့်​မလာ။

" အံ့ဘုန်း .. ​ဟေ့​ကောင်​ .. ​ယောက်​ဖ "

ယောက်​ဖလို့ ​အော်​နှိုးမိမှ မျက်​လုံးပွင့်​လာကာ သူ့ ကိုကြည့်​လာသည်​။

" ​ဆီမီမဆဲ့... ​သွေ့ပုချိ ...မီယာနဲ ... နှိုးလိုက်​မိလို့ ​ဆောရီးကွာ ဗိုက်​မဆာဘူးလား ငါတို့တစ်​ခုခုသွားစားရ​အောင်​ ... "

" ..... "

" ခရီးကဆက်​သွားရဦးမှာ​လေကွာ ​နေမြင့်​ရင်​ မတရားပူတာကွ ကား​မောင်းလို့မ​ကောင်းဘူး "

" သင်္ကြန်​လည်​ပြီးမှ မင်းအိမ်​သွားမယ်​ "

" ဟမ်​ "

" မင်းစစ်​​ကြောင်းရှိလို့လား "

ဘုကြည့်​ကာ​မေးလာ​သော အနှီအညာသားကို ဘယ်​လိုထင်​ရမည်​နည်း။

" မရှိပါဘူး ငါ ဒီတစ်​လစစ်​​ကြောင်းမလိုက်​ဘူး "

" ပြီးပြီ​လေ မန်း​လေးသင်္ကြန်​လည်​ပြီးမှ သွားမယ်​ "

" ​အေးပါကွာ သ​ဘော သ​ဘော "

" ဘယ်​ဆိုင်​​ကောင်းလဲ "

" နီးနီးနားနား မန်းမြို့​တော်​​ပေါက်​စီ သွားမယ်​ အညာသားကို မန်း​လေး​ပေါက်​စီ ​ကျွေးရမယ်​ "

.........

" ဘာစားမလဲ အစ်​ကို "

" ချို့စိမ့်​ ခွက်​ကြီးနှစ်​ခွက်​ ​ပေါက်​စီတစ်​ပွဲချ "

သူငယ်​ချင်း​လေးပါတဲ့ Just Friends ( Completed )Where stories live. Discover now