🎵အေးစေကြောင်းလောင်းတဲ့လုံမေ ထူးထူးကဲကဲလှရက်နိုင်ပေ 🎵
" ဟော ရောက်ခါနီးပြီထင်တယ် "
ကားမယူခဲ့ပဲ လမ်းကြိုလမ်းကြားကနေ ကျုံးဘေးဆီ လာခဲ့ကြသည်။ ကားကိုထားခဲ့ကာ ဖုန်းတွေရော ပိုက်ဆံအိတ်တွေရော ထားခဲ့သည်။
ကျုံးဘေးက လမ်းမရောက်ခင် ကာရံထားသော သံဆူးကြိုးများ။ ဆိုင်ကယ်ကားတွေ တန်းစီရပ်ထားပုံထောက် လမ်းထဲ လူပဲလမ်းလျှောက်ဝင်ရသည်ထင်၏။
" လာ "
လက်ကဆွဲခေါ်သွားသော သူ့နောက် ပုဆိုးတုတ်တုတ်နဲ့ပဲ လိုက်ရပြန်သည်။ လမ်းလျှောက်ရင် ရှိုးနဲ့လျှောက်ရအောင် ဘောင်းဘီဝတ်ချင်ပေမဲ့ ဂျင်းတွေက ရေစိုလေ လေးလာလေ ဖြစ်လာမှာမို့ နှစ်ယောက်စလုံး ပုဆိုးကိုယ်စီ။
မနက်စာ အပြည့်ဖြည့်ထားပေမဲ့ ကျန်းမာဖြတ်လတ်သော လူငယ်တွေမို့ နည်းနည်းလေး လှုပ်ရှားမိတာနဲ့ ဗိုက်ကဆာလာပြီ။
စတုဒီသာ မဏ္ဍပ်ဆီ ဦးတည်သွားတာ ကျွန်တော်တို့ နှစ်ယောက်လုံး အမှားမဟုတ်ပါ။
တန်းစီနေသော စတုဒီသာ တွေဆီ ကိုယ်တွေကလည်း အားကျမခံ တန်းစီ စားတာပေါ့။
စားပြီးဝတာနဲ့ လျှောက်ပြီလေ။ ရေတွေစိုတာက နည်းနည်း မိုးတွေစွေတာက များများမို့ လူက ချမ်းလို့ တုန်လာသည်။ ဝတ်ထားတာက ပုဆိုးတွေမို့ လေတိုက်လေ ချမ်းလာလေ။
ဒါပေသိ ပြန်ဖို့စိတ်မကူးကြ။ ချမ်းလာ၍ ပြန်ထွက်ဖို့စိတ်ကူးပေမဲ့ လူကများကာပြွတ်သိပ်နေတာမို့ ပြန်ထွက်မရ။ ဘေးချင်းကပ်နေပေမဲ့ တိုက်လိုက် တွန်းလိုက်မို့ လူကွဲသွားမှာစိုးနေရသည်။
ဘာတွေများရွေးစားနေလို့ ဒါလောက်ပိန်နေရသလဲ မတွေးတတ်တော့ပါ။ ကြာကြာနေရင် ကွဲသွားနိုင်တာမို့ သူ့ကို ကျွန်တော့ရှေ့ ကပ်ရပ်ခိုင်းလိုက်ရသည်။ ပုခုံးနှစ်ဖက်ကို လက်မှထိန်းကိုင်ကာ ရင်ခွင်ထဲ ထည့်ထားသလိုဖြစ်နေသည်။ သူ့ခေါင်းက ကျွန်တော့မေးဖျားမှာ။ ကျွန်တော့ခေါင်းမော့လိုက်ရင် သူခေါင်းပေါ်တောင် တင်ထားလို့ရသည်အထိ။
![](https://img.wattpad.com/cover/193672369-288-k26310.jpg)
YOU ARE READING
သူငယ်ချင်းလေးပါတဲ့ Just Friends ( Completed )