Part-5 (Z+U)

1.8K 175 4
                                    

Unicode

သဲဦး ကျောင်းဆင်းဆင်းခြင်းပဲ စက်ဘီးကို
အမြန်နင်းကာ အိမ်သို့ ခပ်သွက်သွက်
ပြန်ခဲ့လိုက်သည်။ အိမ်ရောက်တာနဲ့
ရေမိုးချိုး အဝတ်အစားလဲကာ
မှန်တင်ခုံရှေ့တွင် ထိုင်လိုက်သည်။
သဲဦးကို ကိုကြီး အသီယံ တွေ့တဲ့အခါ ၊
သူမြင်သွားနိုင်မည့် သဲဦး၏
မျက်နှာ အမူအရာကို လုပ်ကြည့်နေမိသည်။
ပြီးနောက် ကိုယ့်ကိုကိုယ် ပြန်ရှက်ကာ
တစ်ယောက်တည်း ရယ်နေမိတော့သည်။

ကိုကြီး အေသီယံက သဲဦးထက်
ဆယ်နှစ်နီးပါးလောက် ကြီးတာကြောင့်
အသက်အရွယ် ကွာဟမှုက ကြီးသည်။
သို့သော် အသက်အရွယ်ဆိုတာ
အဓိက မကျပါဟု ကိုယ်ကိုကိုယ်
ဖြည့်တွေးရင်း နေနေလိုက်သည်။

ထိုစဉ် အပြင်မှ အခန်းတံခါးခေါက်သံ
ကြားတာကြောင့် နေရာမှ ချက်ချင်းထကာ
သွားဖွင့်လိုက်တော့...

"ဟင်...?"

တံခါးဝမှာ၊ မိုးတိုးမတ်တပ် ရပ်နေသော
ကိုကြီးအေသီယံ။ သဲဦး ပါးစပ် အဟောင်းသား
ဖြစ်သွားရသည်။
သူရောက်လာလေပြီ၊ ရောက်လာတာမှ
သဲဦး၏ အခန်းရှေ့တည့်တည့် သို့..၊ဝ

"ဟား....၊
သဲက ဒီလောက်တောင် ကြီးနေပြီလား....?
ကြည့်စမ်း....၊ လူကြီးတောင် ဖြစ်နေပြီ၊..."

သူက သဲဦးကို တွေ့တွေ့ခြင်း ပြုံးရယ်ကာ
နှုတ်ဆက်လိုက်ချိန် သဲဦး၏ အသဲနှလုံးတို့
ပြုတ်ထွက်မတတ်. ခုန်တက်လာသည်။
အရင်ကထက် များစွာ ပို၍ ချောလာသော
ကိုကြီးကို မျက်ဝါးထင်ထင်မြင်ရတော့၊
တီဗွီထဲမှာ တွေ့နေရတဲ့ ပုံရိပ်တွေနဲ့ မလဲနိုင်ခဲ့။

"သဲ... ၊ ကိုကြီးကို မှတ်မိလား..?"

သူ့မေးခွန်းက သဲဦးအတွက် ဟာသ
တစ်ခုလိုပင်။ မမှတ်မိပဲ နေပါ့မလား...။

သူက သဲဦး၏ ပါးနှစ်ဖက်အား
သူ့လက်နှစ်လုံးနှင့် တစ်ဖက်စီ
အားပါးတရ လာညှစ်ပြီး...

"ချစ်စရာကောင်းလိုက်တာ.....
သဲက ပိုပြီးချစ်စရာ ကောင်းလာတာပဲ..."

သူက အရမ်းကို ဖော်ရွေစွာ နှုတ်ဆက်နေစဉ်၊
သဲဦးကတော့ ကြောင်ငေးကာ ရပ်နေမိသည်။

အတိတ်တစ်သက်စာWhere stories live. Discover now