Part-16 (Z+U)

1.5K 143 3
                                    

Unicode

သဲဦး ကျူရှင်က ပြန်ရောက်ရောက်ခြင်း
အခန်းထဲ ဝင်ခဲ့ချိန်၊ မိမိများ အခန်းမှား
ဝင်လာလားဟူ၍ ကြောင်သွားရသည်။
အခန်းပြင်ကို ပြန်ထွက်လိုက် ၊
အခန်းထဲ ပြန်ကြည့်လိုက်နှင့်
အလုပ်ရှုပ်နေမိသည်။

အခန်းတစ်ခုလုံးက ပန်းရောင်သမ်းနေပြီး
အရမး်ကို လှနေတာကြောင့်၊ စိတ်ထဲ
လန်းဆန်းသွားရသည်။
အရင်က အခန်းလေးကို ပန်းရောင်သုတ်
ချင်တယ်လို့ ဖေကြီးကို တောင်းဆိုခဲ့တုန်းက၊
ယောက်ျားလေးက ဘာပန်းရောင်လဲ ဟူ၍
အော်ငေါက်ခဲ့ဖူးသည်။

သဲဦး အောက်ထပ်သို့ပြန်ဆင်းခဲ့ချိန်၊
ဧည့်ခန်းထဲတွင် အသစ်ဝယ်လာဟန်ရှိသော
စာအုပ်များနှင့် အလုပ်ရှုပ်နေသော
ဖေကြီးနား မရဲတရဲတိုးကပ်သွားလိုက်ကာ..

"ဖေကြီး..."

"အင်း..."

"သဲဦးအခန်းကို ဖေကြီး
လုပ်ပေးထားတာလားဟင်..?"

ဖေကြီးက စာအုပ်တွေမှ အကြည့်လွှဲကာ
သဲဦးကို တည့်တည့်စိုက်ကြည့်လာရင်း..

"အေသီယံလုပ်ပေးသွားတာ.... ၊
သား အခုတလော နေမကောင်းခဏခဏ
ဖြစ်နေတော့၊ စိတ်အပြောင်းအလဲ
ဖြစ်သွားအောင်တဲ့...."

ဖေကြီး စကားကြောင့် သဲဦး အရမ်းကို
ပျော်သွားမိသည်။
အိမ်ပေါ်ထပ်သို့ ပြေးတက်ခဲ့ရင်း၊
အခန်းထဲရောက်တာနှှင့် တစ်ယောက်တည်း
ခုန်ပေါကိကာ ပျော်မြူးနေမိသည်။

ကိုကြီးအေသီယံကို ကျေးဇူးတင်ကြောင်း
ဖုန်းဆက်ရမည်။

ဗီရိုထဲတွင် ထည့်ထားသော သူပေးထားသည့်
ဖုန်းလေးကို ယူလိူက်ကာ၊သူ့ထံဆက်လိုက်တော့...

"ဟယ်လို သဲလေး၊အိမ်ပြန်ရောက်ပြီလား...?"

"ဟုတ် ရောက်ပြီ ကိုကြီး၊
ကျေးဇူး အများကြီးတင်ပါတယ်....၊"

"မလိုပါဘူး သဲရယ်...
ကြိုက်ရဲ့လား..?"

"ဟုတ် ကြိုက်တယ်....."

"အင်း အင်း နားတော့နော်၊
ညကျမှ ကိုကြီး ဖုန်းဆက်လိုက်မယ်..."

"ဟုတ် ကိုကြီး..."

ကိုကြီးနှင့် ဖုန်းပြောပြီးချိန်၊ သဲဦး မှာ
အပျော်ကြီးပျော်ရင်း ကိုကြီးပေးထားသော
ဖုန်းနှင့် အခန်းလေးကို ဓာတ်ပုံရိုက်လိုက်သည်။

အတိတ်တစ်သက်စာWhere stories live. Discover now