Unicode
"လင်းညှို့....."
ကုတင်ထက်တွင် လှဲလျောင်းနေသော
သဲဦးထံမှ ခေါ်သံတစ်ခု ထွက်လာတာကြောင့်၊
လင်းညှို့ သူ့ကို ကြည့်မိသည်။
သဲဦးက လင်းညှို့အား စိုက်ကြည့်နေကာ ၊
ကုတင်ပေါ် တင်ထားသော လင်းညှို့၏
လက်တစ်ဖက်အား လာရောက်
ဆုပ်ကိုင်လေသည်။"လင်း တောင်းပန်ပါတယ်....."
ငိုသံတစ်ဝက်ရောယှက်နေသော
ထိုအသံ၏ အဆုံးသတ်သည်
တိမ်ဝင်သွားလေသည်။
သဲဦး မျက်ဝန်းမှ မျက်ရည်တို့
ကျဆင်းလာချိန်တွင်တော့ လင်းညှို့
ထိုင်နေရာမှ ဝုန်းခနဲ ထလိုက်မိရင်း.."မင်း... မင်း ဘယ်သူလဲ..?"
စိုးရိမ်ပူပန်မှုထက် နာကျင်မှုကသာ
ပို၍သာလွန်ကာ လွှမ်းမိုးနေသည်။
ဒါဟာ လင်း မဟုတ်ပါစေနှင့်ဟု
ဘာကြောင့်များ ဆုတောင်းနေမိလည်း
မသိတော့။သဲဦးက ကုတင်ပေါ်မှ ထလာကာ...
သူ၏ မျက်ဝန်းတွင် ဝမ်းနည်းမှုလွမ်းဆွတ်မှု
အပြည့်နှင့်.....။ လင်းညှို့အား
မတွေ့ရတာ ကြာသည့် တစ်ယောက်လို
ငေးစိုက် ကြည့်နေလေသည်။"လင်းညှို့ရဲ့အပြစ်တွေ မဟုတ်ပါဘူး..၊
လင်းရဲ့ အပြစ်တွေပါ.... ၊
ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့
မခံစားပါနဲ့...၊ "မျက်ရည်များနှင့် ပြောနေသော
သဲဦးအား လင်းညှို့ သေချာစွာ
စိုက်ကြည့်ရင်းနှင့်ပင် ပါးပြင်ထက်သို့
မျက်ရည်တို့ စီးကျလာရသည်။"လင်း..? တကယ်ပဲ လင်းလား..?"
မယုံကြည်နိုင်စွာ မေးမိချိန်..
သူက ခေါင်းကိုညိတ်ကာ မျက်ရည်များကြားမှ
ပြုံးလိုက်သော အပြုံးလေးက ၊
တကယ်ကို တစ်ချိန်က ချစ်ရသူ
ပြုံးခဲ့သည့် အပြုံးလေးနှင့် ထပ်တူကျစွာ...။လင်းညှို့ ဘာကိုမှ စဉ်းစားမနေတော့ပဲ
သဲဦးအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်မိသည်။
တင်းကျပ်စွာ ဖတ်ထားမိချိန်
သူ၏လက်တို့က လင်းညှို့၏
ကျောပြင်အား နှစ်သိမ့်သလို ပွတ်သပ်ပေးနေသည်။
သူ့အား ပိုမိုတင်းကျပ်စွာ ဖက်လိုက်ကာ.."ကို တောင်းပန်ပါတယ် လင်းရယ်..၊
လင်းကို မကာကွယ်ပေးနိုင်ခဲ့တာအတွက်ရော၊
ကိုလုပ်ခဲ့တာတွေ အားလုံး အတွက်
ကို တကယ်ပဲ တောင်းပန်ပါတယ်...၊
ကို့ကို ခွင့်လွှတ်ပေးပါ...."
