Unicode
မင်းညှို့ ရင်တစ်ခုလုံး မွန်းကျပ်လျှက်၊
ကိုကြီးဟိန်းညိ့့၏ အခန်းတွင်းသို့ ဝင်ခဲ့မိသည်။
အချိန်တိုလေးအတွင်းမှာ ဖြစ်ပျက်ခဲ့သည့်
အဖြစ်အပျက်များက ယုံကြည်နိုင်စရာမရှိ။"သတိရပြီလား..?
ခေါင်း အဆင်ပြေလား..?"ကိုကြီးဟိန်းညှို့၏ မေးခွန်းက
အေးစက် လွန်းလှသည်။
သူရဲ့ အမူအရာက ဘာမှမဖြစ်ခဲ့သည်နှယ်။
သူ့ကို ကြည့်ရင်း မင်းညှို့ ယုံတောင် မယုံနိုင်ခဲ့..။"သဲဦးရော...၊ သဲဦးကိုဘာလုပ်လိုက်လဲ..?"
"ဟက်...! မပူပါနဲ့ကွာ
မင်းရဲ့ သဲဦးကို သူ့အချစ်တော်ကြီး
ခေါ်သွားပြီ..."ကိုကြီးဟိန်းညှို့က အေသီယံ့ကို
ဆိုလိုခြင်းဖြစ်မည်။ ဘယ်လိုပဲဖြစ်ဖြစ်
မင်းညှို့ စိတ်အေးသွားရသည်။"ကိုကြီးလင်းညှို့ကရော....?
လင်းကို တကယ်ပဲ သတ်ခဲ့တာလား..?၊
ကိုကြီးပါ ပါနေတာလား..?"ကိုကြီးဟိန်းညှို့က ပြုံးလိုက်ပါသော်လည်း၊
မင်းညှို့နှင့် အကြည့်ချင်းတောင်
ဆုံမလာခဲ့။
သူမျက်နှာကို အနည်းငယ် လွှဲထားကာ..."အဲ့တာတွေ သိရတော့ကော
ဘာလုပ်မလို့လဲ မင်းညှို့...?
မဆိုင်တာတွေ ဝင်မပါပါနဲ့....၊
အဲ့ကိစ္စကိုလည်း ဆက်ပြီး မသိချင်နဲ့တော့၊ "ကိုကြီးဟိန်းညှို့နားသို့ မင်းညှို့
ပို၍ တိုးကပ်သွားလိုက်ကာ..."ကိုကြီးတို့ ဘာမှ မလုပ်ခဲ့ဘူးမလားဟင်..?
ကျွန်တော့်ကို အဲ့တစ်ခုပဲ ဖြေပေးပါ၊
ကိုကြီးတို့ လူတစ်ယောက်ကို မသတ်ခဲ့ဘူးမလား..?"မင်းညှို့ အမေးကို ကိုကြီးဟိန်းညှို့က
ခေါင်းညိတ်လိုက်ကာ...."အင်း.. ငါတို့ သူ့ကို မသတ်ခဲ့ဘူး ၊
သူက မတော်တဆသေဆုံးသွားခဲ့တာ...၊
ကျေနပ်ပြီလား....?
သွား......!! ငါ့အခန်းက ထွက်သွားတော့၊ ""သဲဦးကိုတော့ ဘာမှ မလုပ်ပါနဲ့နော်၊
သူကဘာမှ သိတာမဟုတ်ပါဘူး...၊
ကိုကြီးလင်းညှို့နဲ့ လင်းနဲ့
ချစ်ခဲ့တယ်ဆိုတာကို သိလို့၊
လင်းကို သနားပြီး ကိုကြီးလင်းညှို့နဲ့
ဆုံပေးချင်ရုံ သက်သက်ပါ..."