Unicode
ဇောချွေးတို့နှင့် သဲဦး အိပ်ယာမှ နိုးထလာချိန်
ခြေဖျားလက်ဖျား တို့ပင်အေးစက်နေသည်။
ထိုအိမ်မက်ကို ထပ်မက်ပြန်ပြီ....။ဟိုတစ်နေ့က လူတစ်ယောက်
တိုက်ပေါ်ကပြုတ်ကျသည့် အိမ်မက်နဲ့
တစ်ထေရာတည်း တူစွာ ထပ်မက်တာကြောင့်
သဲဦးစိတ်ထဲ မသိုးမသန့်ဖြစ်လာရသည်။အချိန်ကို ကြည့်တော့ ည ၂နာရီ ထိုးနေပြီ။
ပြန်အိပ်၍ မရတော့သဖြင့် ညမီး အဝါလေးကို
ထဖွင့်ရင်း ၊ ကုတင်ခေါင်းရင်းကို မှီကာ
ငုတ်တုတ်ထိုင်နေမိသည်။ဘာလို့များ တူညီတဲ့ အိမ်မက်ကို ထပ်မက်ရတာလဲ..?။
"ဝုန်း..!!!"
ဟင်..?
ကုတင်၏ ညာဘက်ဘေး ပြတင်းပေါက်က
ရုတ်တရက် ထပွင့်သွားပြီး၊ အခန်းထဲသို့
လေတစ်ချို့ဝင်လာသည်။ သဲဦး ကုတင်
ပေါ်မှ ထလိုက်ကာ ပြတင်းတံခါးအား
သွားပိတ်မည် အလုပ်...။"ကယ်ပါ.~~~ "
ဘယ်က ပေါ်ထွက်လာသော အသံမှန်းမသိသော
ခပ်ရေးရေး အသံတစ်ခုကို ကြားလိုက်ရလေသည်။
ကျောရိုးထဲ စိမ့်ခနဲဖြစ်ကာ၊ လူက အေးစက်
တောင့်တင်းသွားရသည်။ အခန်း ပတ်ချာ
လည်အား အမြန် လှည့်ကြည့် ရင်း၊
အသံကို ထပ်မံ နားစွင့်နေမိသည်။
ထိုစဉ် လွှင့်နေသော ခန်းစီးစက လေနဲ့အဝှေ့ ၊
မျက်နှာကို လာရိုက်တာကြောင့် ပို၍
ထိတ်လန့်သွားရသည်။ ပြတင်းပေါက်ကို
ခပ်မြန်မြန် ပိတ်လိုက်ပြီး အခန်းထဲရှိသမျှ
မီးတွေအကုန်လုံးကိုပါ လိုက်ဖွင့်လိုက်သည်။အခန်းတစ်ခုလုံးအား ဒုတိယံမိ ထပ်၍
ဝှေ့ကြည့်သော်လည်း ဘယ်သူ
တစ်ဦးတစ်ယောက် ၊ ဘာအစနမှ မတွေ့ရ။နားကြားမှားတာလား...? ၊ နေရာစိမ်းမို့လို့
စိတ်က အလိုလို ခြောက်ခြားနေတာလား..?။ဆက်အိပ်ရမှာတောင် မဝံံရဲတော့။
မီးတွေကို ဒီအတိုင်းဖွင့်ထားကာ
ကုတင်ပေါ်သို့တက်ပြီး ငုတ်တုတ်လေး
ထိုင်နေမိသည်။အခြေအနေထပ်ထူးခြားတာနှင့် မေကြီးတို့
အခန်းသို့ ပြေးရန်လည်း ကြိုတင်ပြင်ဆင်ထားရသည်။
