Part-12 (Z+U)

1.6K 157 3
                                    

Unicode

"မင်းတို့ လင်းကို ခေါ်သွားတာ ငါမြင်တယ်...၊
လင်း ဘယ်မှာလဲ အေသီယံ..!!! လင်းကို
မင်းတို့ ဘာလုပ်လိုက်လဲ....!!!"

နားထဲသို့ ပဲ့တင့်ထပ်နေသော
စွမ်းနောင်သန့် ၏ အသံ။
အေသီယံအိပ်ယာမှ နိုးထလာချိန်၊
စိတ်တို့ နောက်ကျိရှုပ်ထွေးနေရသည်။

မေ့ထားခဲ့တာ ကြာပြီဖြစ်တဲ့
အတိတ်ကာလတစ်ခုက တကယ်ကို
ပြန်လည် နိုးထလာခဲ့လေပြီ ။

............... ...။

အိမ်မှာ ကိုကြီးဟိန်းညှို့ရော၊ မေမေရော
ရောက်နေသဖြင့်၊ မင်းညှို့ တစ်ယောက်
နေစရာ နေရာကို မရှိတော့။
တစ်နေကုန် တစ်နေခမ်း
စာလုပ်ပြနေရကာ၊ စာကြည့်ခန်းထဲကကို
မထွက်ရဲ ဖြစ်နေလေသည်၊။

ညထမင်းစားချိန်ရောက်မှာတောင်
ကြောက်မိသည်။
ဆယ်တန်းပြီးရင် ဘာလုပ်မလဲ ဟူသည့်၊
အနာဂတ် plan တွေကို
ဝိုင်းမေးကြတော့မှာဖြစ်ပြီး၊
ပစ်တင်သံတွေလည်း ကြားရပေတော့မည်။

"မင်းညှို့...၊
ကိုကြီးက စကားပြောချင်လို့တဲ့၊"

ကိုကြီးဟိန်းညှို့လာပြောသော စကားကြောင့်၊
မင်းညှို့ ထိုင်နေရာမှ ငေါက်ခနဲထကာ
အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။

ဧည့်ခန်းထဲတွင် ထိုင်နေသော၊
ကိုကြီးလင်းညှို့ ဘေးသို့
ကိုကြီးဟိန်းညှို့က အရင်ထိုင်နှင့်နေသည်။
မင်းညှို့လည်း သူတို့နား မရဲတရဲ သွားထိုင်မိချိန်...
ကိုကြီးလင်းညှို့က ....

"ကိုကြီးတို့ နှစ်ယောက် တိုင်ပင်ထားတာ
တစ်ခုရှိတယ်...."

"ဟုတ်...."

သူတို့မျက်နှာတွေက အလွန်တရာ
တည်တံ့နေတာကြောင့် မင်းညှို့လန့်လာမိသည်။

"မင်း ဆယ်တန်းကို ဂုဏ်ထူးသုံးခုနဲ့
အထက်အောင်ရင်...၊
မင်းလိုချင်တဲ့ ပစ္စည်းတစ်ခုကို
လက်ဆောင်ပေးမယ်၊ ဘာပဲဖြစ်နေပါစေ၊
ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး ဝယ်ပေးမယ်..."

ကိုကြီးလင်းညှို့၏ အပေးအယူက
မင်းညှို့အတွက် ပျော်ရွင်စရာမဟုတ်ပဲ၊
မျှော်လင့်ချက်မဲ့ရလေပြီ။
ဘာမှတောင် ပြန်မပြောနိုင်။
မိမိက ဘယ်လိုနည်းနဲ့မှ သုံးဘာသာနဲဲ့
အထက် ရဖို့ မပြောနဲ့ အောင်ရင်တောင်
တော်တော် ကံကောင်းလို့ ဖြစ်ပေလိ်မ့် မည်။
သို့သော်လည်း..

အတိတ်တစ်သက်စာWhere stories live. Discover now