Unicode
ကျောင်းထဲက ထွက်ထွက်လာခြင်း...
တကယ်ပဲ အရုပ်သည်ကောင်လေးနားမှာ
စျေးကူရောင်းပေးနေတဲ့ စွမ်းနောင်အား
တွေ့လိုက်ရသည်။"ဟိုမှာ....လဒက..."
ဟိန်းညှို့က စွမ်းနောင်ရှိရာသို့ လက်ညှိုးထိုးပြီး
ပြောလိုက်ကာ..သူကပင်ဆက်၍...."သူတို့ ပြန်ရင် ငါတို့ လိုက်သွားရအောင်..."
ဟူ၍ ခပ်တိုးတိုးဆိုလေသည်။
အေသီယံက မျက်မှောင်ကြုတ်ကာ...."လိုက်ပြီးဘာလုပ်မလို့လဲ...၊ .?"
ဟိန်းညှို့က အေသီယံ့ ပုခုံးအား
ဖက်လိုက်ကာ..."လာပါကွာ..၊ အပျော်ပေါ့..
လိုက်ချောင်းကြမယ်.."ဟိန်းညှို့က ဟန်ထွယ်တို့ နှစ်ယောက်စလုံးကိို
ဆွဲထားလေသည်။
ကျောင်းရှေ့ လူပါးသွားချိန်တွင် ၊
ပစ္စည်းတွေသိမ်းပြီး ပြန်သွားသော
အရုပ်သည်ကောင်လေးဘေးတွင်၊
စွမ်းနောင်လည်း ပါသွားလေသည်။သူတို့ထွက်သွားတာနဲ့ ဟိန်းညှို့က
ဟန်ထွယ်တို့ နှစ်ယောက်အား ဆွဲကာ
အနောက်ကနေ ခိုးချောင်ခိုးဝှက် လိုက်လာ
ရသည်။ရှေ့မှ ဟိုနှစ်ယောက်ကတော့
စကားတစ်ပြောပြောနှင့် ကြည်နူးနေပုံက
ဟန်ထွယ်တို့ လိုက်လာတာတောင် သိပုံမရ။၁၅မိနစ်လောက်လျှောက်လာပြီးချိန်တွင်၊
ဘီယာဆိုင် တစ်ခုရှေ့ သူတို့နှစ်ယောက်
ရပ်လိုက်တာကြောင့် ဟန်ထွယ်တို့ သုံးယောက်လည်း
အကွယ်တွင် ဝင်ပုန်းလိုက်သည်။စွမ်းနောင်က အရက်ဆိုင်ထဲ ဝင်သွားပြီး ....
အရက်ပုလင်းထည့်ထားသော အိတ်ကို ကိုင်ကာ
ပြန်ထွက်လာသည်။"ဒီကောင်တွေ အရက်ခိုးသောက်နေကြတာလား..?
ကျောင်းဝတ်စုံနဲ့ကို အရက်ရောင်းပေးတယ်ပေါ့..၊
အဲ့ဆိုင်ကို ငါတိုင်ရမယ်.."ဟန်ထွယ် မကျေမနပ်ပြောလိုက်မိသည်။
စွမ်းနောင်က အရက်ပုလင်းအိတ်အား
အရုပ်သည်ကောင်လေးထံပေးကာ၊
တစ်ယောက် တစ်လမ်းဆီ ထွက်သွားကြလေသည်။ကြည့်ရတာ ကောင်လေး အိမ်အထိတော့
လိုက်သွားပုံမရ။
စွမ်းနောင်က ဆိုင်ကယ်တစ်စီးနှင့်
ကျူရှင်ရှိရာ ဘက်အခြမ်းသို့
ထွက်သွားတော့မှ ဟိန်းညှို့က..
