Part-10 (Z+U)

1.6K 155 1
                                    

Unicode

ည၁၁နာရီ အချိန်တွင်၊ သဲဦး အခန်းတံခါးကို
ဂျက်ချလိုက်ကာ၊ ကုတင်ပေါ်တွင်
ငြိမ်သက်စွာ ထိုင်နေလိုက်သည်။
မိမိလက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း
တစ်စုံတစ်ခုအားရေရွတ်လိုက်သည်။

ရန်ကုန်မရောက်ခင် လင်း၏ အကြောင်းကို
နည်းနည်းလောက်ဖြစ်ဖြစ် သိသွားချင်သေးသည်။

လင်းကို ထိုသို့ မခေါ်လျှင်၊လေသာဆောင်ပေါ်က
အိမ်မက်ကလွဲရင် မပေးနိုင်။
မယုယစာအုပ်ထဲမှ စာသားနဲ့ ခေါ်မှသာ
သူ့အကြောင်းတွေကို အိမ်မက်
ပေးနိုင်ခြင်းဖြစ်သည်။

သဲဦး မျက်လူံးတို့ကို ဖြည်းညင်းစွာ
ပိတ်လိုက်မိသည်။

...........

"ရော့ ..မီးပူတိုက်ရမယ့် အဝတ်တွေ....၊
သေချာ ပြန့်အောင်တိုက်နော်....၊
ဒါ အကိုလေး အဝတ်တွေ
အရေးကြီးတယ်..."

"ဟုတ်.."

အမျိုးသမီးကြီး တစ်ယောက် ပေးလာသော
အဝတ်ခြင်းတောင်းကို လင်း လှမ်းယူလိုက်သည်။
ပြီးနောက် အိမ်၏ ညာဘက် အခြမ်းရှိ၊
ကားဂိုထောင်လေးထဲသို့ ဝင်လာခဲ့လိုက်သည်။
ဂိုထောင်၏ အတွင်းဘက်တွင်
အခန်းငယ်လေး တစ်ခုရှိကာ၊
ထိုအခန်းငယ်လေးထဲတွင် ၊
လင်း မီးပူတိုက်ရန် နေရာလေးတစ်ခု
လုပ်ပေးထားသည်။

အဝတ်ခြင်းကို ချလိုက်ပြီး၊ မီးပူတိုက်ရန်
ပြင်နေစဉ်၊ အခန်းငယ်လေး၏ တံခါးက
ရုတ်တရက် ပွင့်လာလေသည်။
တိတ်တဆိတ်ဝင်လာသူကြောင့် ၊
လင်း မျက်လုံးအပြုးသားလေးနှင့် မော့
ကြည့်နေမိစဉ်..

"လင်း..၊ ငါနဲ့ ခဏလိုက်ခဲ့..."

သူက ခပ်တိုးတိုးဆိုချိန်...၊ လင်း
ခေါင်းခါလိုကါကာ...

"လင်း မီးပူတိုက်စရာတွေ ရှိသေးတယ်..၊
ပြီးတော့ အန်တီကြီးရှိနေတယ်လေ၊
လင်း မလိုက်ရဲဘူး..."

"အာ.. အန်တီကြီးက အပြင်သွားပြီ၊
ခဏပါပဲ..လာ..."

လင်းရဲ့ လက်ကို မရမက ဆွဲမကာ
အနောက်ဖက် အပေါက်မှ တဆင့်
အိမ်ထဲသို့ ဆွဲခေါ်သွားလေသည်။
သူ့ကို ကြည့်ရတာ အတော်လေး
စိတ်လှုပ်ရှားနေပုံရကာ၊ လင်းလည်း
ထိုနည်း၎င်းပင် ဖြစ်သည်။

အတိတ်တစ်သက်စာWhere stories live. Discover now