Unicode
လင်းအား အရက် ငါးရာဖိုး ဝယ်ပေးပြီး
သူ့ညွှန်ပြသည့်အတိုင်း သူ့အိမ်ရှိရာသို့
မောင်းလာခဲ့လိုက်သည်။
မြို့နှင့် အတော် အလှမ်းဝေးသည့်
နေရာတွင် ကျူးကျော်ဟု ထင်ရသည့်
ပျဉ်ထောင်အိမ်လေးများ
တစ်စီတစ်တန်းတည်း ရှိနေသည်။"ရပြီ ခင်ဗျ..ဒီမှာပဲ ရပ်လိုက်နော်.."
သူရပ်ခိုင်းသည့် နေရာတွင် ရပ်လိုက်တာနဲ့
အရက်ထုတ်လေးကို ကိုင်ကာ.
ဆိုင်ကယ်ပေါ် ဆင်းသည်။
ပြီးနောက် အေသီယံဘက်ပြန်လည့်ပြီး....."ကျေးဇူးတင်ပါတယ်...၊ ငါးရာကို မနက်ဖြန်
ကျောင်းမှာ ပြန်ဆပ်ပါမယ်နော်...၊
တကယ် ကျေးဇူးတင်ပါတယ်.."သူ့စကားကြောင့် အေသီယံ ပြုံးပြလိုက်ကာ..
"ရပါတယ်.. ကိစ္စမရှိဘူး...၊ ဝင်တော့လေ.."
"ဟုတ်..."
သူအထဲသို့ ဝင်သွားသည်အထိ အေသီယံ
အပြင်မှာ ခဏစောင့်နေစဉ်မှာပင်...၊"သွားစမ်း...!!! ဒီလောက်လေးနဲ့
ငါက ဘာလုပ်ရမှာလဲ.!!! သွား..!!
ခု ချက်ချင်း ပြန်သွားဝယ်...!!!"အထဲမှ ဆူညံသံတစ်ခုနှင့် အတူ... ၊
ပစ္စည်းတွေကို ကောက်ပေါက်နေသံများ
ကြားလိုက်ရသည်။
ဆိုင်ကယ်စက်နှိုးမည့်ဆဲဆဲကို
ခဏရပ်တန့်လိုက်ကာ.. ၊ နားစွင့်နေစဉ်..."ငါက မင်းကို သွားလို့ ပြောနေတယ်...!
ဘာလို့ ပေကပ်နေတာလဲ ဟေ့ကောင်..!!
သေချင်လို့လား..!!!!"ပျဉ်ထောင်အိမ် ယိုင်နဲ့နဲ့ထဲမှ
အသက်လေးဆယ်ကျော်အရွယ်
လူတစ်ယောက်က ၊ လင်းကို
လက်မောင်းမှ ဆွဲကာ၊ အပြင်သို့
ပစ်တွန်းလိုက်လေသည်။အေသီယံ ဆိုင်ကယ်ကို ပစ်ချထားခဲ့ကာ
အိမ်ရှေ့တွင် ပုံရပ်သား လဲကျသွားသော
လင်းနားသို့ ပြေးသွားမိသည်။ဘေးအိမ်မှ အန်တီတစ်ယောက်က
အဝတ်လျှော်ခြင်းတောင်းကြီး မ လာရင်းနှင့်
အေသီယံအား ငုံ့ကြည့်ကာ.."ကောင်လေး.. မင်းက လင်းရဲ့
သူငယ်ချင်းလား...? မင်း ဝေးဝေးရှောင်တာ
ကောင်းမယ်နော်..၊ သူ့ပထွေးက
အရက်မူးလာရင် သွေးအရမ်းဆိုးတာ.."