Part-6 (Z+U)

1.7K 168 0
                                    

Unicode

"ကလေးက ဆယ်တန်းနော် အေသီယံ....၊
မင်းကြောင့် ကျနေဦးမယ်၊ လိုက်ချင်ရင်လည်း
တစ်နှစ်လောက် ထပ်စောင့်ပါလား..၊ "

ဟန်ထွယ်က အမြဲတမ်းပွားနေတာ
ဝါသနာ ဟု ပြောရမည်။ အမြဲတမ်း ပွစိပွစိနှင့်။

"မင်းကလည်း....၊
ငါသူ့ကို စောင့်နေရတာ ဘယ်လောက်ကြာပြီလဲ၊
အခု သူ့အရွယ်က ရင်ခုန်တတ်စအရွယ်ကွ၊
ဒီလို အရွယ်မှာ ငါမဟုတ်တဲ့
တစ်ခြားတစ်ယောက်ကို ရင်ခုန်သွားရင်
ငါ ရင်ကျိုးရမှာ၊ အချစ်ဦးဆိုတာတစ်သက်လုံး
မေ့မရတဲ့ အထဲမှာ ပါတယ်လေ...."

အေသီယံစကားကြောင့် ဟန်ထွယ်
ပြုံးလိုက်မိရင်း.....

"အေး အဲ့လိုပဲ
အချစ်ဦးဆိုတာလည်း ကွဲတာ များတယ်ကွ၊
မင်းက သူ့အချစ်ဦးနေရာမှာပဲ
နေခဲ့မလို့လား...??"

အေသီယံက ခေါင်းခါလိုက်ကာ..

"No ..!! No ..!
ငါက သူ့အတွက် ပထဆုံးနဲ့
နောက်ဆုံးပဲဖြစ်ရမှာ...."

ဒီကောင်ကတော့ မလွယ်...။
သဲဦးက လွဲပြီး ဘာမှ မြင်တဲ့ကောင်မဟုတ်။

..............

လေသာဆောင် အပေါ်ထပ်သို့ သဲဦး ခြေချအပြီး၊
ရှေ့တွင် မြင်နေရသော မြင်ကွင်းက ယခင်ကထက်
ပို၍ ထင်ရှားနေသည်။
မိမိ၏ မျက်နှာချင်းဆိုင်၊ တိုက်အစွန်းတွင်
ရပ်နေသူက စွမ်းနောင်သန့်ဖြစ်နေတာကို
ရှင်းရှင်းလင်းလင်း မြင်နေရသည်။

"သားလေး... သား...!!!"

မေကြီး၏ စိုးရိမ်တကြီး ခေါ်နေသံကြောင့်
သဲဦး မျက်လုံး ဖွင့်ကြည့်လိုက်မိသည်။
သဲဦးရောက်နေတာ ကားတစ်စီး၏
နောက်ခန်းတွင် ဖြစ်ပြီး၊ မေကြီး ပေါင်ပေါ်တွင်
လှဲလျှက် အနေအထား ဖြစ်နေတာကြောင့်....

"သတိရလာပြီ....ကိုခန့်..
သဲဦး သတိရလာပြီ....!!"

ကားမောင်းနေသော ဖေကြီးအား
ထိုသို့ လှမ်းပြော လိုက်စဉ်တွင် ဖေကြီးက
တစ်ချက် လှည့်ကြည့်ကာ
ကားကိုတော့ ဆက်မောင်းနေဆဲ ဖြစ်သည်။

သဲဦး လှဲနေရာမှ ထထိုင်လိုက်ကာ

"ဘာဖြစ်လို့လဲ မေကြီး..?"

အတိတ်တစ်သက်စာWhere stories live. Discover now