Part-3 (Z+U)

2.1K 188 1
                                    

Unicode

ညတိုင်းမက်နေသည့် အိမ်မက်ဆိုးတွေအား
ဒီတိုင်းမသိသလိုနေလို့ မရတော့ဘူးဆိုတာ
သဲဦး သိလိုက်ပြီ။
တစ်ခုခုတော့ လုပ်မှ ရတော့မည်။
အရင်ဆုံး ဒီအိမ်အကြောင်းကို စ၍
စုံစမ်းရမည်။

သဲဦး ကျူရှင်သို့ရောက်သောအခါ ၊
မင်းညှို့ကို မတွေ့ပဲ အရင်ဆုံးရောက်နှင့်နေသူက
ကျော့ဖြစ်တာကြောင့် သူမ နားသို့ကပ်ရင်း...

"ကျော့... ငါ နင့်ကို မေးစရာရှိရတယ်..."

"မေးလေ..."

"နင် သရဲရှိတာကို ယုံလား.?.."

ကျော့က ပုခုံးနှစ်ဖက်ကို လှုပ်ခါပြကာ၊
လက်မောင်းတွေကို ပွတ်သပ်သည်။

"အမလေး၊ နင့်မေးခွန်းကြီးက ဘယ်လိုကြီးလဲ..?"

သဲဦး ဘာပြန်ပြောရမှန်းမသိ။
ကျော့နဲ့ ခင်တာ မကြာသေးတာကြောင့်၊
မိမိဖြစ်ပျက်နေတာတွေကို ပြောပြလိုက်လျှင်
အရူးလို့ ထင်သွားနိုင်သည်။

"ဘာမှ မဟုတ်ပါဘူး မေးကြည့်တာ..."

"ယုံမယုံတော့မသိဘူး၊
ကြောက်လိုက်တာတော့ တုန်နေရောပဲ၊
ငါက သရဲအရမး်ကြောက်တတ်တာဟ..."

သဲဦးပြောချင်သည်များကို
မြိုသိပ်လိုက်တော့သည်။
အိမ်မှာသာ သရဲခြောက်ခံနေရတယ်
ပြောလိုက်လျှင်၊ သဲဦးအနားတောင်
ကြောက်လို့ ကပ်တော့မည် မထင်။

"ဒါနဲ့လေ....၊ နင်က ငါတို့တက်တဲ့ကျောင်း
အ.ထ.က (၄) မှာပဲ တက်မှာမလား...?"

ကျော့အမေးကို သဲဦးလည်း
ဇဝေဇဝါပင်ရှိသော်လည်း၊
ခေါင်းညိတ်လိူက်ကာ...

"အင်း...ဟုတ်မယ် ထင်တယ်...."

"အေး...
အဲ့တာဆို နင့်ကို တစ်ခါထဲ သတိပေးမယ်...၊
ငါတို့က ဒီနှစ် ဆယ်တန်းဆိုတော့၊
ကျောင်းပြန်ဖွင့်ရင်၊ ဆယ်တန်းဆောင်
အပေါ်ဆုံးထပ်ကို ယောင်လို့တောင်
မသွားမိစေနဲ့နော်...."

"ဘာလို့လဲ...?"

ကျော့၏ မျက်နှာက သဲဦးနား နားကို
တိုးကပ်လာကာ သူမ ပါးစပ်ကို
လက်ဝါးနှင့် ကာပြီး ....

"အဲ့မှာ သရဲခြောက်တယ်ဟ.."

ဟု၍ ခပ်တိုးတိုးဆိုလေသည်။ ပြီးနောက်၊
သူမက တစ်ကိုယ်လုံးသဲဦးနားကပ်လာရင်း...

အတိတ်တစ်သက်စာWhere stories live. Discover now