Ex ❻

1K 68 7
                                    

Unicode

"အိုးဟိုး ဟေ့ကောင် Minho ဘယ်လိုဖြစ်လာတာလဲ...."

Jonghyunက ကျွန်တော်တို့နှစ်ယောက် အတန်းထဲ အတူဝင်လာတာကို တွေ့ပြီး သူရှိရာ မျက်စပစ်ပြလို့ မေးသည်...

သူကတော့ ကျွန်တော်တို့ကို မသိဟန်ပြုကာ ကျွန်တော့် အနောက်ရှိ ခုံတွင်ဝင်ထိုင်၏...

"ဘယ်လိုမှ ဖြစ်မလာဘူး... သိချင်ရင် နောက်မှ ပြောပြမယ်ကွာ..."

"အေးပါကွာ... မင်း မျက်နှာကြီး ပြုံးဖြီးနေပုံထောက်ရင်တော့ သူနဲ့ အဆင်ပြေလာတာလား..."

Jonghyunက နောက်မှာ ထိုင်နေတဲ့ သူ မကြားအောင် ကျွန်တော့်အနားတိုးတိုးလေး ကပ်ပြောသည်....

"အဆင်ပြေတဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး... ကြိုးစားရဦးမှာ... အခုလောလောဆယ် ငါ သူနဲ့အတူနေ,နေတာလေ..."

"ဘာ! တကယ်!..."

"အေးဆို... သူ့ မိဘတွေ ခရီးသွားလို့ ငါ့ကို သူနဲ့ အတူနေခိုင်းခဲ့တာလေ...."

"သူကရော လက်ခံတယ်တဲ့လား..."

"သူ စိတ်နဲ့တော့ ဘယ်လက်ခံပါ့မလဲ... သူ့ omma အမိန့်ကို သူ မလွန်ဆန်နိုင်ဘူးလေ..."

"အဲ့လိုလား... ဘာပဲဖြစ်ဖြစ်ကွာ... သူနဲ့ အတူရှိနေချိန်မှာ မင်း ကြိုးစားပေါ့ကွာ..."

"ငါ သိပါတယ်ကွာ... ရလာတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချမှာ..."

"ဟား မင်းအပြုံးက ကြောက်စရာကြီးကွာ... အကြံအစည်တွေ အပြည့်နဲ့ အပြုံးမျိုး..."

"မင်းကလဲကွာ အဲ့လောက်ထိတော့မဟုတ်သေးပါဘူး..."

"ဘာပဲ ဖြစ်ဖြစ်လေ... မင်းအတွက်တော့ မဟာအခွင့်အရေးပဲ မဟုတ်ဘူးလား..."

"ဘာလို့?...."

"ဘာလို့ရမှာလဲ မနက်ဖန်ကစပြီး ကျောင်းနှစ်ပတ်ပိတ်ပြီလေ... အဲ့တော့ ရတဲ့အခွင့်ရေး လက်မလွတ်စေနဲ့..."

Jonghyunက ကျွန်တော့်ရဲ့ ပခုံးကို သိုင်းဖက်လို့ နောက်က စကားကို တိုးတိုးလေးပြောသည်ကို ကျွန်တော်လည်း အပြုံးဖြင့်သာ တုန့်ပြန်ဖြစ်သည်...

သူနဲ့အရင်လို ပြန်ဖြစ်ဖို့ ကြိုးစားရမှာသည် ကျွန်တော့်တာဝန်...

Ex- [Zawgyi/Unicode]Where stories live. Discover now