Ex ❷❻

528 40 8
                                    

Unicode
.................

"ညီညီရေ စားပွဲပေါ်တင်ထားတဲ့ သူ့ လွယ်အိတ်ရော...''

ကျွန်​တော် ရေချိုးခန်းထဲက ထွက်လာပြီး စာကြည့်စားပွဲမှာ တင်ထားတဲ့ သူ့လွယ်အိတ်ကို မမြင်တော့တာကြောင့် စာအုပ်တွေကို လွယ်အိတ်ထဲ ထည့်နေတဲ့ ညီညီ့ကို လှမ်းမေးလိုက်သည်...

"အခုနကပဲ လာယူသွားတယ်လေ... ကိုကိုရေချိုးနေတုန်း...''

"အော် အင်း အင်း...''

ကျွန်​တော်တွေးထားတာက သူ့ကို လွယ်အိတ်ပြန်ပေးရင်း စာတွေကူးလိုက်ရတဲ့အတွက် ကျေးဇူးတင်စကားလည်းပြောရင်း တောင်းလည်းတောင်းပန်မည်ပေါ့...

အခု သူက ကျွန်တော့်ကို မတွေ့နိုင်တဲ့ အချိန်ကို တမင်လာပြီး ယူသွားတယ်....

"သားတို့ရေ ပြီးရင် ဆင်းခဲ့​တော့ မနက်စာစားရအောင်....''

"Nae...''

"Nae...''

ညီညီရော ကျွန်တော်ပါ လွယ်အိတ်ကိုယ်စီလွယ်ပြီး အောက်ထပ်ကို ပြေးဆင်းခဲ့ကြသည်...

"သွားလိုက်ပါဦးမယ်....''

မနက်စာ စားပြီးတာနဲ့ Ommaကို နှုတ်ဆက်ကာ ညီအစ်ကို နှစ်ယောက် ကျောင်းသို့ ထွက်လာခဲ့ကြသည်...

"ကိုကို... သားသွားပြီ... လိုက်မပို့နဲ့တော့... နေ့လည်မှ တွေ့မယ်...''

ညီညီက ကျောင်းရောက်တာနဲ့ ကားပေါ်ကဆင်းကာ ကျွန်တော့်ကို နှုတ်ဆက်ပြီး အတန်းရှိရာ ဘက်သို့ ပြေးသွားတော့...

ဒီကောင်လေး ဘာကိစ္စများရှိနေလို့ အဲ့လောက်တောင် လောနေရတာလဲ...

ကျွန်တော်လည်း သူ့ကိုတောင်းပန်ဖို့ကိစ္စရှိနေတာမို့ ညီညီ့ကို သိပ်အာရုံမထားတော့ပဲ ကျွန်တော့် အတန်းရှိရာ ဘက်သို့ ထွက်လာခဲ့လိုက်သည်...

အတန်းထဲသို့ရောက်သည့်တိုင် သူ့ကို မတွေ့ရသေး...

မရောက်သေးတာလား... ဒါမှမဟုတ် ကန်တင်းမှာလား...

ကျွန်တော် စောင့်နေရင်း ကျောင်းတက်ဖို့ သိပ်မလိုခင်မှာ သူရောက်လာသည်...

ကျွန်တော် သူ့ကို တောင်းပန်ဖို့ ဟန်ပြင်ရင်း ထရပ်လိုက်ပေမယ့် သူကတော့ ကျွန်တော့်ကို တစ်ချက်မျှ ကြည့်တယ်ဆိုရုံသာကြည့်ပြီး ကျွန်တော့် အရှေ့က သူ့ခုံတွင် ဝင်ထိုင်လိုက်သည်...

Ex- [Zawgyi/Unicode]Where stories live. Discover now