Ex ❶❸

740 55 10
                                    

Unicode
.................

ကျွန်​တော် သူနဲ့ မျက်နှာခြင်း မဆိုင်မိအောင် ကြိုးစားပြီးနေပေမယ့် တစ်ကျောင်းတည်း တစ်ခန်းတည်း တက်နေသမျှတော့ သူ့ စက်ကွင်းကလွတ်ဖို့မလွယ်ခဲ့...

ကျောင်းတင်ပဲလားဆိုတော့လည်း မဟုတ်....

"Ommonyi သားလာတယ်....''

ကြည့်တွေ့လား လူက အိမ်ထဲ မရောက်သေးဘူး အသံက အရင်ရောက်လာပြီ...

"ဟယ် သား Min​လေးရယ် ပျောက်နေလိုက်တာနော် ဘေးချင်းကပ်နေပြီးတော့တောင် ommonyiဆီလာ မတွေ့ဘူး... ဘာလဲ ကောင်မလေးတွေနဲ့ အချိန်မလောက်လို့လား...''

"ဟာ ommonyiကလည်း နောက်ပြီ...''

"ကဲ အခုရော ဘာလာလုပ်တာလဲ...''

ကျွန်တော် Ommaနဲ့ သူပြောသမျှတွေကို ကျွန်တော့် အခန်းထဲကနေ နားထောင်နေမိသည်...

"Keyဆီလာတာ သား ကျောင်းပျက်ထားတဲ့ စာတွေ လာကူးတာ...''

အပိုတွေ စာကိုအကြောင်းပြလိုက်သေးတယ်...

"မျက်နှာ မြင်ချင်လို့ လာတာမဟုတ်ဖူးလား....''

အဲ့ဒါကိုသာ ကြည့်တော့ Ommaဆိုသည်မှာလည်း Choi Minhoဆိုတဲ့ကောင်ကို သိပ်ချစ်နေတာ... ကျွန်တော်နဲ့လည်း အတင်းကို သဘောတွေစွတ်တူ ဟိုက ငပွေပရှုပ်ဆိုတာ သိသိချည်းနဲ့တောင်လေ... သူ့ရုပ်ကိုက မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်များပြည့်လာသလားတော့မသိ...

"ဟာ ommonyiကလည်း.... ဟီး အဲ့ဒါလည်းပါတာပေါ့....''

"ဟုတ်ပါပြီ.... သွား သွား သူ့အခန်းထဲမှာ ရှိတယ်... မနက်က ကာတွန်းကားတွေ ဝယ်လာတာတော့တွေ့တယ် အဲ့ဒါတွေကြည့်နေလားတော့မသိဘူး... နေ့လည် ထမင်းတောင် ထွက်မစားဘူးလေ....''

"ဟုတ်လား.... ဘာမှမစားထားဘူးဆိုတော့ Key စားဖို့အတွက် သား တစ်ခုခု လုပ်ပေးရမလား... တော်ကြာ အစာလွန်နေမှာ စိုးလို့....''

*ပူမနေနဲ့... ရုပ်ရှင်ကြည့်ရင်း စားဖို့ ငါ့ဟာငါ မနက်ထဲက အပြည့်ဖြည့်ပြီးသား... တကယ်ပဲ omma အရှေ့မှာမို့ စောင်ပိုတွေ လုပ်ပြနေတာ သောက်မြင်ကပ်စရာ အကောင်...* ကျွန်တော်ထိုင်နေရာ ကုတင်ပေါ် ပတ်ပတ်လည်တွင် ရှိသော မုန့်ထုပ်တွေရှိရာကို မျက်စိတစ်ချက် ကစား​ကြည့်လိုက်ရင်း သူ့ကိုလည်း စိတ်ထဲကနေ မေတ္တာအနည်းလောက်ပို့လိုက်သည်....

Ex- [Zawgyi/Unicode]Where stories live. Discover now