Ex ❷❹

493 38 12
                                    

Unicode
................

ကျောင်းမသွားပဲနေတော့ လုပ်စရာမရှိပဲ တစ်နေကုန် အိပ်ခန်းထဲမှာ ရုပ်ရှင်ကြည့်လိုက် အင်္ကျီဒီဇိုင်းတွေဆွဲလိုက်နဲ့ လုပ်နေရတာ တော်​တော် ပျင်းနေပြီ...

ထိုစဥ်ကြားလိုက်ရတဲ့ တံခါးခေါက်သံနဲ့အတူ သူ့အသံ....

"ချစ်သည်းရေ ကိုယ်လာတယ်....''

အသံနဲ့အတူ လူကပါ အခန်းထဲ ရောက်လာသည်က ကျွန်တော့် ခွင့်ပြုချက်တောင်မစောင့်...

မနက်က ကျောင်းသွားတုန်းက အဝတ်စားအတိုင်းပဲ ရောက်လာတာမို့ ကျောင်းကနေပဲ ကျွန်တော့်ထံ တန်းလာတယ် ထင်သည်....

"ဘာလာလုပ်တာလဲ....''

"ကိုယ် စာကူးပေးဖို့ လာမယ်လို့ပြောထားတယ်လေ.... သက်သာရဲ့လား...''

ပြော ပြော ဆိုဆိုနဲ့ ကျွန်တော် အိပ်နေရာ ကုတင်ပေါ် တက်ထိုင်လိုက်တဲ့သူ...

"သက်သာတယ် အေးဆေးပဲ... ဒါနဲ့ မင်းက စာကူးပေးမယ် ပြောရအောင်... အတန်းရော တက်ဖြစ်ရဲ့လား...''

"ချစ်သည်းက ကိုယ့်ကို အထင်smallတာလား... ဒီနေ့ အတန်းတစ်ချိန်မှ မပျက်ခဲ့ဘူး... ဆရာတွေ သင်တာလဲ အကုန်နားထောင်ခဲ့တယ်...''

"ခဏလေး ခဏလေး....''

ကျွန်တော် ကုတင်ပေါ်မှ ဆင်းပြေးကာ ပြတင်းပေါက်ကို သွားကာ အပြင်ကိုတစ်ချက် ကြည့်လိုက်ပြီးမှ သူ့ကို ပြန်ကြည့်ကာ...

''နေက အနောက်ကနေထွက်ပြီး အရှေ့ကနေ ဝင်သွားတာတော့မဟုတ်ဘူးမလား...''

"ဘာလို့လည်း ချစ်သည်း...''

ကျွန်တော့် အမေးကို သူအူကြောင်ကြောင်နဲ့ ပြန်မေးလာသည်....

"မင်း တနေကုန် အတန်းတက်တယ်ဆိုလို့လေ....''

"ဒါနောက်စရာမဟုတ်ဘူး ချစ်သည်း... မင်းကြောင့် ကိုယ်တက်ခဲ့တာ... မင်းက စာအမြဲ လုပ်တက်သူမို့ စာတွေ မလွတ်စေချင်လို့...''

သူ့စကားကြားပြီး ကျွန်တော့် စိတ်တွေအနည်းငယ် လှုပ်ရှားမိသည်....

ကျွန်တော့်အတွက် စဥ်းစားပေးပြီး... အတန်းမှန်မှန် မတက်တဲ့သူက တစ်နေကုန် အတန်းတွေ တက်ခဲ့တယ်တဲ့လား...

Ex- [Zawgyi/Unicode]Where stories live. Discover now