Ex ❸❶

485 28 2
                                    

Unicode
...............

Only JongTae Part
•••••••••••••••••••••••

"Hyungပိစိ သိလား...."

"မင်းက ဘာမှမ​ပြောတာကို ငါက ဘာကို သိရမှာလဲ..."

ဘုကလန့်နဲ့ ​ဖြေ​နေတဲ့ အဲ့hyungပိစိက ​ကောင်မ​လေး​တွေကို ဘယ်လိုများလိုက်ခဲ့တာပါလိမ့်...

"အာ့ဆို သား​ပြောပြမယ်နား​ထောင်​ပေးမလား..."

​မှိုလုံး​လေး... မသိဘူး ခုကစပြီး အဲ့လိုပဲ​ခေါ်​တော့မှာ... မှိုလုံး​လေး စိတ်တိုင်းကျ သွားစားပြီးအပြန် အိမ်မပြန်ချင်​သေးဘူး ဟန်မြစ်ဘက်ကို သွားချင်တယ်လိုက်ပို့​ပေးဆိုလို့ လိုက်ပို့​​ပေးရပြန်သည်...

အခုလည်း ဟန်မြစ်​ဘေးတစ်​နေရာမှာ ကားကိုရပ်ထားပြီး ကားရဲ့bonnetဖုံး​ပေါ်မှာ နှစ်​ယောက်သား အတူထိုင်ကာ မှိုလုံး​လေးက ပတ်ဝန်းကျင်​တွေကို ​ငေးလို့ဝ​တော့မှ Jonghyunကို စကားစ​ပြော​တော့သည်...

​ပြော​တော့လည်း သိလားတဲ့... သူက ဘာမှမ​ပြောပဲနဲ့ Jonghyunက ဘာကိုသိရမှာလဲ...

မှိုလုံး​လေးကြည့်ရတာ တစ်ခုခု ​ပြောချင်တာရှိ​နေတယ်ထင်သည်...

"အင်း..."

"အချစ်ဆိုတာ ဘာလဲဟင်..."

"ငါ မသိဘူး..."

"ဟွင့်... အဲ့​လောက်ရည်းစား​တွေ အများကြီးထားပြီး​တော့ အချစ်ကို မသိဘူးလား..."

"ငါက ရည်းစားထားတာ​လေ... ချစ်သူထားတာမှ မဟုတ်တာ... အခုထိ​​တော့ ငါ ချစ်ရမယ့်သူ မ​​တွေ့သေးဘူး..."

"ဒါဆို အချစ်ဆိုတာကို​ရော ဘယ်လိုခံယူထားလဲ..."

"တစ်ခါမှ​တော့ မချစ်ဖူး​ပေမယ့်... ငါ့ အတွက်​​တော့ အချစ်က ​​နွေး​ထွေးရမယ်... ငါကလည်း ငါချစ်ရတဲ့သူကို ဂရုစိုက်မှု​တွေ ​နွေး​ထွေးမှု​တွေ​ပေးမယ်... သူထံကလည်း ငါ့ကို ဂရုစိုက်​ပေး ​နွေး​​ထွေးမှု​တွေ ​ပေးမယ်ဆိုရင်ရပြီ..."

"အင်း..."

"​နေပါဦး... မင်းက ငါ့ကို ဘာလို့အဲ့ဒါ​တွေ လာ​မေး​နေရတာလဲ..."

"ဘာမှ မဟုတ်ပါဘူး... သားက ဒီအတိုင်း သိချင်လို့..."

"မင်းက ဂျပန်က​နေ ဒီမှာ ဘာလို့ ​ကျောင်းလာတက်တာလဲ..."

Ex- [Zawgyi/Unicode]Where stories live. Discover now