Ex ❶❼

619 42 14
                                    

Unicode
.................

"ချစ်သည်း မနေ့က ကိုယ်ဆိုတာ ဘယ်လိုနေလဲ ကောင်းလား...''

အဲ့အကြောင်းနဲ့ ပတ်သတ်ပြီး စကားမစချင်လို့ မနေ့ကတောင် သူ အခန်းထဲဝင်မလာခင် အရင်အိပ်ပျော်အောင်နေခဲ့ပါတယ်ဆိုမှ သူက အဲ့အကြောင်းကို စကားထပ်စလာပြန်သည်...

"အင်း မဆိုးပါဘူး...''

Ommonyi ပြင်ပေးထားတဲ့ မနက်စာကို စားနေရင်းမှ သူ့ကို သိပ်မထူးသလို အေးဆေးစွာ ပြန်ဖြေလိုက်သည်.... တကယ်တော့ အရမ်းကို နားထောင်ကောင်းနေခဲ့တာပါ...

"တကယ်နော်....''

ဒီလောက်လေးပဲဖြေလိုက်တာတောင် ဝမ်းသာအားရဖြစ်နေတာ... ကောင်းတယ်လို့များ ဖြေလိုက်ရင်တော့ ကျွန်တော့်ကိုတောင် ဖက်နမ်းမလားပဲ...

"အင်း... ဒါနဲ့ မင်း ဘယ်တုန်းက ဂစ်တာတီးတက်သွားတာလဲ...''

"ကိုယ်လား အဲ့တစ်ပုဒ်ပဲ တီးတက်တာ... ချစ်သည်းကို ကိုယ်တိုင်တီးပြီး ဆိုပြချင်လို့ Jonghyunဆီမှာ သင်ထားတာလေ... နှစ်ပတ်လောက် နီးပါးတော်တော် လေ့ကျင့်လိုက်ရတယ်... ဒီမှာ ကြည့်ပါလား ကိုယ့်လက်ကို...''

ကျွန်တော့်ရှေ့ သူထိုးပြလာတဲ့ သူ့လက်တွေကို ကြည့်မိတော့ လက်ချောင်းတို့မှာ အသားမာတွေရော ဒဏ်ရာတွေရောပဲ...

ကျွန်တော့်အတွက် သူ အပင်ပန်းခံ အနာခံပြီးကြိုးစားထားတာမြင်ရတော့လည်း ကျွန်တော့်မှာ တိတ်တဆိတ် ဝမ်းသာပီတိဖြစ်ရသည်...

"အလကား အပိုအလုပ်တွေ လုပ်တယ်...''

သူ့ကို ပြန်ပြောမိတဲ့ စကားတို့ကတော့ စိတ်ထဲကနဲ့ ဆန့်ကျင်စွာ...

"အပိုအလုပ်မဟုတ်ပါဘူးကွာ... ချစ်ရသူကို နားဆင်စေချင်လို့ ကိုယ့်ရင်ထဲက စကားသံတွေကို....''

"ငါ အိမ်ဘက်ကို သွားလိုက်ဦးမယ်... ကျောင်းသွားဖို့ဝတ်စုံ သွားလဲမလို့...''

ဘယ်လိုစကားပဲ ပြော ပြော သူ့ရဲ့ နောက်ဆုံးဦးတည်ရာသည် ချစ်စကားပဲဖြစ်နေတာမို့ စကားတွေ ရှေ့ဆက်မလာနိုင်စေရန်....

ကျွန်တော် သူ့ရှေ့ကနေ ထပြေးလာခဲ့လိုက်သည်...

ပြီးတော့ နောက်တစ်ခုက အခုနောက်ပိုင်း သူ့ထံမှ သွယ်ဝှိုက်သောချစ်စကားတွေကြားရရင်ကို လူက ရင်တလှပ်လှပ်နဲ့...

Ex- [Zawgyi/Unicode]Where stories live. Discover now