Ex ❶❻

769 46 24
                                        

Unicode
.................

ကျွန်တော် အတန်းထဲ ဝင် ဝင်ချင်း သူ့စားပွဲပေါ်မှာ စုပုံနေသော February 14ရက်နေ့ကို ကိုယ်စားပြုသော ပစ္စည်းများ ပြောရမယ်ဆို ချောကလက်နဲ့ ပန်းစည်းတွေပေါ့....

သူက King မဟုတ်ပေမယ့်လို့ Kingထက်တောင် နာမည်ပိုကြီးနေတာ သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းလို့ပဲလို့ပြောရမလား...

ကျွန်တော် သူ့စားပွဲရှိရာ တစ်ချက်ဝေ့ကြည့်ပြီးမှ ကျွန်တော့် နေရာတွင် ထိုင်လိုက်သည်....

သူကတော့ အခုချိန်ထိ မရောက်သေးဘူး... အင်းပေါ့ V_Dayဆိုတော့ သူ့ရဲ့ တစ်ယောက်ယောက်နဲ့တော့ အချိန်ဖြုန်းနေမှာပေါ့...

ကျွန်တော်နဲ့သူ့မှာတော့ V_Day အမှတ်တရဆိုတာမျိုးမရှိခဲ့ဘူး...

ကျွန်တော်တို့relationshipက V_day မရောက်ခင် ပျက်ပြယ်သွားခဲ့ကြတာလေ...

"Hi ချစ်သည်း morning...''

အသက်ရှည်ပါဦးမယ်... သူ့ အကြောင်းတွေးနေတုန်းပဲရှိသေးတယ် သူက ကျွန်တော် မျက်စိရှေ့ကိုရောက်လာတာ...

"အင်း....''

"ဒီနေ့ Jonghyunမလာဘူးဆို​တော့ ကိုယ် မင်းနဲ့လာထိုင်မယ်နော်...''

ကျွန်တော် ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါဆိုတော့ သူ ကျွန်တော့် ဘေးမှာ ဝင်ထိုင်လေသည်....

သူ့စားပွဲပေါ်က ပစ္စည်းတွေကိုတော့ ဂရုတောင်မထား...

"မင်း ဘယ်မှ မသွားဘူးလား...''

"ကိုယ်က ဘယ်ကိုသွားရမလဲ.... သြော် သိပြီ... ကိုယ် ချစ်တဲ့သူတစ်ယောက်လုံးက အတန်းတက်နေတာကို သူ့ကို ထားပြီး ကိုယ်က ဘယ်ကို သွားရမှာလဲ...''

သူရဲ့စူးရှရှအချစ်မျက်ဝန်းတွေအောက် ကျွန်တော် မနေတက်တော့...

"မဆိုင်တာတွေလာပြောနေတယ်... ဟိုမှာ မင်း ဟာတွေ မယူတော့ဘူးလား...''

စကားလမ်းကြောင်းလွှဲရင်း သူ့ကိုလာပေးထားတဲ့ ပစ္စည်းတွေကို လက်ညိုးထိုးကာ မေးလိုက်တော့...

"ဟင့်အင်း မယူပါဘူး... ကိုယ်က ချစ်သည်းဆီကပဲလိုချင်တာ...''

"ငါ့ဆီကဆိုရင် မင်း ဘာမှမရမှာ မဟုတ်ဘူး...''

Ex- [Zawgyi/Unicode]Место, где живут истории. Откройте их для себя