Ex ❸❸

466 38 3
                                    

Unicode
...............

"Minho ငါတို့ ဒီ​​နေ့ ​ကျောင်း​ပြေးရ​အောင်..."

နှစ်​ယောက်စလုံး အ​စောကြီး နိုး​နေကြ​ပေမယ့် အိပ်ရာမှ မထကြပဲ တစ်​ယောက်ကို တစ်​ယောက် မျက်နှာခြင်းဆိုင်ကာဖက်ထားကြပြီး အကြည့်ခြင်းဆုံ​နေကြရာမှ ကျွန်​တော် ​ပြောလိုက်​တော့ သူက အံ့သြ​နေသလို ကျွန်​တော့်ကို ကြည့်သည်...

အင်း​ပေါ့​လေ ကျွန်​တော်က အ​ရေးကြီး ကိစ္စ​တွေကလွဲ​လို့ ​တော်ရုံ ​ကျောင်းမပျက်ဖူးဘူး​လေ...

"ဘာလို့လဲ ချစ်သည်း..."

"ငါ မင်းနဲ့ ဒိတ်ချင်လို့... ​နော်..."

သူ့ကို ​ပူဆာနေတဲ့ ကျွန်​တော့် နှုတ်ခမ်းစူစူကို သူက တစ်ချက်ဆွဲညှစ်လိုက်ပြီးမှ...

"ချစ်သည်း ​ကျောင်းပျက်မှာ​ပေါ့ကွာ..."

"ရပါတယ်ဆို... ဘာလဲ မင်းက မဒိတ်ချင်လို့လား..."

"အဟား စိတ်​ကောက်​နေတာ​တောင် ချစ်ဖို့​ကောင်း​နေလိုက်တာကွာ... ဘယ်သူက မဒိတ်ချင်ပဲ ​နေမလဲ... ကိုယ်ချစ်ရသူနဲ့ နှစ်​ယောက်တည်း အတူရှိရမယ့် အခွင့်​ရေးကို​လေကွာ..."

သူက ကျွန်​တော့်ကို ဖက်ထားသည်ထက် ပိုမိုကာ ဖျစ်ညှစ်ရင်း ​ပြန်​ပြောလာသည်...

"ဒါဖြင့်..."

"ချစ်သည်း သ​ဘော... ဘယ်သွားချင်လဲ..."

"ချယ်ရီ​တွေပွင့်တဲ့ အချိန်ဆို​တော့ ချယ်ရီ​တွေ သွားကြည့်ကြမယ်​နော်..."

"အင်း... သ​ဘောရှိ..."

"အာ့ဆို ဖယ်ဦး... ငါ ထမင်းဘူး သွားပြင်မလို့..."

ကျွန်​တော့်ကို ဖက်ထားတဲ့ သူ့လက်ကို ကျွန်​တော် ဆွဲဖက်ကာ ရုန်းထွက်​တော့ သူကမလွှတ်​ပေးပဲ ကြည့်​နေသည်...

"ချစ်သည်း ပင်ပန်းမှာ​ပေါ့ အပြင်မှာပဲ ဝယ်စားရ​အောင်..."

"ဟင့်အင်း ငါကိုယ်တိုင် လုပ်ချင်လို့... ဖယ်ကွာ... မင်း ဆက်အိပ်ချင်​သေးရင် အိပ်​လေ..."

ကျွန်​တော် သူ့လက်ကို ထပ်ဖယ်​တော့မှ သူက လွှတ်​ပေးသည်...

"အင်း ကိုယ်ခဏ အိပ်ဦးမယ်​နော်..."

"အင်း..."

Ex- [Zawgyi/Unicode]Where stories live. Discover now