Ex ❸❹

442 30 0
                                    

Unicode
...............

ကျွန်​တော်တို့​နေတဲ့ ​နေရာက​နေ နာရီဝက်​ကျော်ခန့် ​ကား​မောင်းသွားရင်​ရောက်တဲ့ (Yeouido)ပန်းခြံ ချယ်ရီပင်​တွေ ​ထောင့်ငါးရာ​ကျော်ရှိ​နေတဲ့ ထိုပန်းခြံကြီးက ချယ်ရီပန်း​တွေပွင့်တဲ့ ရာသီဆို သိပ်လှတာ​လေ...

အခုလည်း ပန်းခြံ​ရှိ ကားပါကင်မှာ ကားကို ရပ်လိုက်တာနဲ့တင် လှမ်းမြင်​နေရတဲ့ ချယ်ရီပင်​တွေကို ကြည့်ပြီး ကျွန်​တော့်မှာ တဝိုးဝိုးနဲ့ အံ့သြ​နေသ​လောက် သူက​တော့ ဘာမှမဖြစ်သလို ကားထဲက ပစ္စည်း​​တွေကို ထုတ်​နေသည်...

"ချစ်သည်း လာသယ်ဦး..."

သူ လှမ်း​ခေါ်​နေတာမို့ ချယ်ရီပင်​တွေကို ​ငေး​နေတဲ့ ကျွန်​တော် အကြည့်တို့ကို ရုတ်သိမ်းကာ သူထံသို့ လှမ်းသွားလိုက်သည်...

ကျွန်​တော် ပြင်ဆင်လာတဲ့ ပစ္စည်း​တွေထဲမှ အ​ပေါ့ဆုံး​ရေခဲပုံးငယ်​လေးကို ကျွန်​တော့်လက်ထဲထည့်​ပေးပြီး သူက​တော့ ကြိမ်ခြင်းကို ကိုင်သည်...

ကားတံခါးကို ​သေချာပိတ်လိုက်ပြီး​နောက် သူ့လက်တစ်ဖက်က ကြိမ်ခြင်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က​တော့ ကျွန်​တော့်လက်ကို တွဲထားသည်...

​ကြွေကျ​မြေခ​နေတဲ့ ပွင့်ဖတ်​လေး​တွေအ​ပေါ်က​နေ သူ့လက်ကို တွဲပြီး ​လျှောက်​နေတဲ့ ကျွန်​တော်ဟာ တိမ်ဆိုင်​တွေ​ပေါ်မှာ လမ်း​လျှောက်​နေသည့်အလား လူက အနည်းငယ်​တော့ ​မြောက်ကြွကြွဖြစ်ချင်​နေ​ရော...

​ကြွေကျ​မြေခ​နေတဲ့ ပွင့်ဖတ်​လေး​တွေအ​ပေါ်က​နေ သူ့လက်ကို တွဲပြီး ​လျှောက်​နေတဲ့ ကျွန်​တော်ဟာ တိမ်ဆိုင်​တွေ​ပေါ်မှာ လမ်း​လျှောက်​နေသည့်အလား လူက အနည်းငယ်​တော့ ​မြောက်ကြွကြွဖြစ်ချင်​နေ​ရော

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပန်းခင်းလမ်း​ပေါ်  အတူ​လျှောက်​နေရင်း ​လေတစ်ချက်​​ဝှေ့လိုက်တိုင်း ​လျှောက်လမ်းတစ်ဖက်တစ်ချက်က ချယ်ရီပန်း​ပင်ကြီး​တွေဆီမှ ပွင့်ဖတ်​လေး​တွေဟာ ကြွေလွင့်လို့...

Ex- [Zawgyi/Unicode]Where stories live. Discover now