Ex ❷❶

683 41 10
                                        

Unicode
................

"Ommonyiရေ....''

အိမ်ထဲသို့မဝင်ခင် ကျွန်တော် အရင် အသံပေးလိုက်သည်...

အမြဲဝင်ထွက်နေကြအိမ်မို့ ဒီအတိုင်း ဝင်သွားလည်းရပေမယ့် ယဥ်ကျေးမှုဆိုတာတော့ ရှိသင့်တယ်မလား...

"ဟယ် သား Minလေး... လာ လာ... အမလေးနော် ပျောက်ချက်သား ကောင်းနေလိုက်တာ... ပြော အသစ်တွေ့နေပြီလား...''

ကျွန်တော့် အသံကြားလို့ ထွက်လာတဲ့ ommonyiက ကျွန်တော့်ကို ပွေ့ဖက်ရင်း စ,သည်...

"ဟာ ommonyiကလည်း... သားမှာ အခု ဘယ်သူမှ မရှိတော့ပါဘူး...''

ကျွန်တော့် အဖြေကြောင့် ommonyiက မယုံပါဘူး ဟူသော စသလိိုလို အကြည့်တို့ဖြင့် ကြည့်လာသည်....

"ဟုတ်ပါပြီ... အခုရော ဘာလာလုပ်တာလဲ ပြော...''

"ချစ် အဲ Keyကိုလာခေါ်တာ အပြင်သွားမလို့...''

"သားတို့က အိပ်နေတုန်းထင်တယ် တက်သွားလိုက်လေ...''

"Nae ommonyi...''

ဘယ်သူများရောက်နေလို့ သားတို့ဟု ommonyi ပြောရတာလဲ....

Ommonyiပြောတဲ့ သားတို့ဆိုတဲ့ စကားကို စဥ်းစားရင်း ကျွန်တော် ချစ်သည်း အခန်းရှိရာသို့ တက်လာခဲ့လိုက်သည်...

ကျွန်တော် အခန်းထဲမဝင်ခင် အရင်ဆုံးအသံပေးတော့ တုန့်ပြန်သံ မကြားရတာမို့ တံခါးကို ဖွင့်ပြီး ဝင်ခဲ့လိုက်သည်...

ဝင် ဝင်ပြီးချင်း မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းတို့က ကျွန်တော့် အသည်းတွေသာ ကွဲကြေအက်လွယ်အရာဆိုရင် အစိတ်စိတ် အမွှာမွှာ ကွဲကြေကုန်လောက်သည်....

ချစ်သည်းရယ် ပြီးတော့ အခုတလော ချစ်သည်းနဲ့အတူ အမြဲတွေ့နေရတက်တဲ့ ဟိုအဖြူကောင်လေး (ကျွန်တော် သူ့နာမည်မသိလို့ အဖြူကောင်လေးလို့ပေးထားတာ)ရယ် တစ်ယောက်ကို တစ်ယောက် ဖက်လုံးများအောက်မေ့နေ့ကြလားမသိ ဖက်ပြီးတော့ အိပ်နေလိုက်ကြတာ သူတို့ကြားမှာ နေရာလွတ်လေးမပြောနဲ့ လေတိုးပေါက်တောင် မရှိလောက်ဖူးဟု ကျွန်တော် ထင်သည်....

သူတို့ကဘာတွေလဲ... ချစ်သည်းက ကျွန်တော့်ကို လှည့်စားနေတာလား...

Ex- [Zawgyi/Unicode]Where stories live. Discover now