Unicode
*သိပ်ချစ်ကြတဲ့ ချစ်သူတွေလည်း ကွဲကြသေးတာပဲ ဥပမာ သူနဲ့ ကျွန်တော့်လိုပဲပေါ့*
💔💔💔💔💔💔💔💔💔💔💔💔💔
သူ ကျွန်တော့်ကို ဖွင့်ပြောပြီးနောက်ပိုင်း...
သူနဲ့ကျွန်တော် အချစ်ဆုံးချစ်သူတွေဖြစ်ခဲ့ကြတယ်...
သူ ကျွန်တော့်ကို အားလုံးက အားကျရလောက်တဲ့ အထိသည်းသည်းလှုပ်ချစ်ပြခဲ့တယ်...
ဒါပေမယ့်လည်း အကျင့်ဆိုတာ ဖျောက်ရခက်တယ်မလား....
သူ့ရဲ့ ပွေချင် ရှုပ်ချင်စိတ်တွေက ကျွန်တော်နဲ့ ချစ်သူဖြစ်ပြီး လအနည်းငယ်လောက်ပဲခံတယ်...
သိပ်မကြာပါဘူး... သူရဲ့ ဗီဇကပြလာတာပဲလေ....
ကျွန်တော် သိသိကြီးနဲ့ မသိချင်ဟန်ဆောင်ခဲ့တယ်....
ကျွန်တော်ပြောလိုက်လို့ သူ စိတ်ကွက်ပြီး ကျွန်တော့်ကို သူ ထားသွားခဲ့မှာ ကျွန်တော် ကြောက်တယ်လေ....
"ဟဲ့ Key... နင့် အကောင်ကတော့ မဟုတ်သေးဘူးနော်...."
ဒီနေ့တော့ သူ ကျောင်းမလာ၍ Nicoleနဲ့ အတူ အိမ်ပြန်ဖြစ်သည်...
နှစ်ယောက်သား အတူ လမ်းလျှောက်နေရင်းမှ Nicoleက ကျွန်တော့် ဘက်လှည့်ကာ မကျေမနပ်ရေရွတ်သည်...
"ဘာဖြစ်လို့လဲ Nicole..."
"ဘာဖြစ်ရမှာလဲ.... နေရာတိုင်းမှာ သူ့အကြောင်းတွေချည်းပဲ... ဟိုကောင်မလေးနဲ့ တွဲနေပြီ... ဘယ်အတန်းက ဘယ်ကောင်မလေးနဲ့ ဘယ်နေရာမှာ တွေ့လိုက်တယ် ဆိုတာတွေချည်းပဲ ကြားနေရတာ... ပြီးတော့ နင့်ကို မသိမသာတွေပြောနေကြပြီနော်... ဘယ်အချိန်ထားခဲ့ ခံရမလဲမသိဘူးတဲ့..."
"နေပါစေဟာ... ဘယ်သူတွေ ဘာပဲပြောပြော ငါ မျက်လုံးနဲ့ မမြင်ရသေးသ၍တော့ ငါ လက်မခံဘူး... ထားခဲ့တော့လည်း နေခဲ့ရုံပေါ့ဟာ..."
"Keyyy!!!!.... နင် စကားကို ပေါ့ပေါ့မပြောနဲ့ နင် သူ့ကို ဘယ်လောက်ချစ်လဲဆိုတာ ငါ အသိဆုံး... အဲ့လို လမ်းခွဲလိုက်ရင် ဖြစ်လာမယ့်အရာတွေကို ငါ ကြိုမြင်နေတယ် Keyရာ..."
"ဟုတ်တယ် နင်ပြောသလိုပဲ... ငါ သူ့ကို အရမ်းချစ်တယ်.... ပြီးတော့ ဆုံးရှုံးရမှာလည်း အသေကြောက်တယ်...."
![](https://img.wattpad.com/cover/195301269-288-k987344.jpg)
YOU ARE READING
Ex- [Zawgyi/Unicode]
Fanfiction#Fanfiction #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်းတဲ့ ex- ရှိတယ်.... #Key ကျွန်တော့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ex- ရှိတယ်... #Minho ..................... #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်း...