Ex ❷❺

591 39 11
                                        

Unicode
................

စာတွေသာကူးနေရတာ... ကျွန်တော့် စိတ်တွေက စာတွေထဲမှာရှိမနေဘူး...

သူ့ကို တောင်းပန်သင့်လား တွေးလိုက်...

မတောင်းပန်တော့ဘူးဟု တွေးလိုက်နဲ့ ကျွန်တော့် စိတ်တွေ ယောက်ယက်ခက်နေသည်...

နောက်ဆုံးတော့ တောင်းပန်သင့်တယ်ဟူသော အတွေးတို့ဖြင့် သူ့ထံ ဖုန်းခေါ်လိုက်သည်....

ဖုန်း ဝင်သွားပေမယ့် သူ ဖုန်းမကိုင်...

မအားလို့များလားလို့တွေးမိပြီး ခဏနေမှ ပြန်ခေါ်တော့လည်း...

ထိုအတိုင်းပင်... သုံးလေးခေါက် ခေါ်အပြီးမှာတော့ ဖုန်းက စက်ပိတ်ထားသည်တဲ့လေ...

သူ.... သူ ကျွန်တော့် ဖုန်းကို မကိုင်ချင်လို့ တမင်ပိတ်လိုက်တာလား...

"ကိုကို....''

သူ့ အကြောင်းကို ခေါင်းထဲက ခဏထုတ်ကာ... စာတွေ ထိုင်ကူးနေတုန်း... ညီညီက သူ့ဘေးနားရပ်လာလို့ ကျွန်တော့်ကို ခေါ်သည်...

"အင်း ပြော ညီညီ...''

စာကူးမပျက်ပဲ ညီညီ့ကို ပြန်ထူးလိုက်သည်...

"သား အပြင်ခဏသွားမလို့...''

"ဘယ်လဲ ညီညီ...''

"Minho hyungက သူ့အိမ်ဘက်ကို လာခဲ့ဖို့ messageလှမ်းပို့လို့...''

ဟင်!...

ညီညီ့စကားကြောင့် စာရေးနေတဲ့ ကျွန်တော့်လက်တွေ ရပ်သွားသည်....

"ဘယ် ဘယ်တုန်းကလဲ ညီညီ...''

"အခုနကပဲ ကိုကို....''

အဟက်!... ကျွန်တော် ဖုန်းကိုကျ မကိုင်ပဲ စက်တောင်ပိတ်ပစ်ပြီး... ညီညီ့ကိုတော့ messageပို့ပြီး လာခဲ့ဖို့ လှမ်းခေါ်တယ်တဲ့လေ...

အင်းပေါ့လေ... ကျွန်တော် ပြောလိုက်မိတဲ့စကားက သူ့ စေတနာကို စော်ကားသလိုဖြစ်ခဲ့တာပဲ သူ စိတ်ဆိုးသင့်ပါတယ်...

"ဟိုလေ ကိုကို...''

"အင်း...''

"ဟို ဟို Jonghyun hyungလည်း ရှိနေတယ်... သူတို့တွေက ခြံထဲမှာ အသောက်အစားလေး နည်းနည်းလုပ်မလို့တဲ့... အဲ့ဒါ သားကို ပျင်းရင်လာခဲ့ဆိုပြီးပြောတာ... သား သွားရမလား...''

Ex- [Zawgyi/Unicode]Donde viven las historias. Descúbrelo ahora