Unicode
..............."Ommaရေ... omma..."
ကျွန်တော့်လက်ထဲ အညိုရောင်စာအိတ်ရှည်ကို ကိုင်ထားပြီး အိမ်ထဲသို့ အားရဝမ်းသာပြေးဝင်ရင်း ommaကို အော်ခေါ်လိုက်သည်...
"သားရယ် ဘယ်လိုဖြစ်လို့ အဲ့လောက်တောင် အော်နေရတာလဲ..."
"ဒီမှာ omma... ဒီမှာ ကြည့်..."
လက်ထဲက စာအိတ်ရှည်ကို ommaလက်ထဲ လှမ်းပေးလိုက်သည်....
Ommaက ကျွန်တော့်ကို ဘာလဲဟု တစ်ချက်ကြည့်ပြီးမှ ကျွန်တော်ပေးလိုက်တဲ့ စာအိတ်ကို ဖောက်ကြည့်သည်...
"သား သား စကော်လာရပြီ omma..."
Ommaကို ပြောနေမိသည့် ကျွန်တော်သည် အလွန်ပင် စိတ်လှုပ်ရှားနေသည်...
"တကယ်လား သား... တကယ်လား..."
ကျွန်တော့်ကို ပြန်မေးနေတဲ့ ommaလည်း ကျွန်တော့် နည်းတူ စိတ်လှုပ်ရှားနေဟန်...
"အင်း omma... သား သိပ်သွားချင်နေတဲ့ ပါရီမှာ ommaရဲ့..."
"ကောင်းတာပေါ့ သားရယ်... omma သားက တော်လိုက်တာ... omma အရမ်းဝမ်းသာတာပဲ..."
Ommaက ကျွန်တော့်ကို ရင်ခွင်ထဲ ထွေးပွေ့ရင်း တော်ကြောင်း ချီးမွမ်းသည်...
Ommaက ပညာရေးကို ဦးစားပေးတာမို့ ကျွန်တော် အခုလို စကော်လာရတာကို ဝမ်းသာကာ သဘောကျနေခြင်းဖြစ်သည်...
"ဘယ်တော့သွားရမှာလဲ သား..."
"တစ်လလောက်တော့ အချိန်ရသေးတယ် omma... လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရအောင်လို့လေ..."
"သြော် အေးအေး... သား လိုအပ်တာတွေ ommaကို ပြောနော်... omma အားလုံးလုပ်ပေးမယ်..."
"အွန်း omma... appaကို ommaပဲ လှမ်းပြောလိုက်တော့နော်..."
ကျွန်တော့် appaကလည်း ဂျပန်ဘက်က ကုမ္ပဏီမှာ သွားပြီး ဦးစီးနေတာ လေးငါးခြောက်နှစ်လောက်ရှိပြီ... ကျွန်တော်က အရင်ထဲက မိဘကို သိပ်တွယ်ကပ်လေ့ရှိတာ မဟုတ်တော့ appaကိုလည်း ထင်သလောက် မခင်တွယ် ဒါကြောင့် ommaကိုသာ ပြောခိုင်းလိုက်ရခြင်းဖြစ်သည်...
KAMU SEDANG MEMBACA
Ex- [Zawgyi/Unicode]
Fiksi Penggemar#Fanfiction #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်းတဲ့ ex- ရှိတယ်.... #Key ကျွန်တော့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ex- ရှိတယ်... #Minho ..................... #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်း...