Zawgyi
-------------ချစ်ခြင်းတွေမှမဟုတ်ပါဘူး နာကျင်ခြင်းတွေမှာလည်း တန်ပြန်ခံစားမှုတွေရှိမှန်း ကိုယ်ကောင်းကောင်းကြီး လက်ခံသွားပြီ....
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
"Yah နင်ကလည်းကြာလိုက်တာဟာ....''
ကျွန်တော့် ရှေ့မှာ ကောင်မလေးတစ်ယောက်၏ ပခုံးကနေသိုင်းဖက်ခြင်းကို ခံလိုက်ရတဲ့သူ....
"sorryဟာ... ဒီမှာ ငါ့သူငယ်ချင်းလည်း ပါလာလို့ နည်းနည်းနောက်ကျသွားတာ.... Soyou ဒါ ငါ့သူငယ်ချင်း Minhoတဲ့... Minho သူက Soyou...''
သူကလည်း ထိုကောင်မလေး ဖက်ထားတာကို ခံလျက်အနေအထားတိုင်း ကျွန်တော်နဲ့ မိတ်ဆက်ပေးလာသည်...
"တွေ့ရတာ ဝမ်းသာပါတယ် Soyou shi...''
ကျွန်တော် နှုတ်ဆက်တာတောင် ဝတ်ကျေတန်းကျေရုံမျှသာ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး သူ့ထံ အကြည့်တို့ပြန်ရောက်သွားတဲ့ သူမက ကျွန်တော့်ကို ရှိတယ်လို့တောင် ထင်ပုံမရ....
"Key နင် presentationအတွက် sampleတွေပါတယ်မလား....''
"ပါတာပေါ့ဟ....''
"အေး အဲ့ဒါဆိုလည်း လာဟ... အတန်းတောင်စတော့မယ်... ငါတို့ နောက်ကျနေပြီ....''
နှစ်ယောက်သား စကားပြောနေကြသည်မှာ ဘေးနားရပ်နေသည့် ကျွန်တော့်ကိုတောင် မေ့နေပုံရသည်....
"နင် အရင်တက်နှင့် ငါလိုက်လာခဲ့မယ်နော်....''
"အေး မြန်မြန်လာနော်... ငါ သွားနှင့်ပြီ...''
Soyouဆိုတဲ့ကောင်မလေးက အရင်ထွက်သွားနှင့်တော့မှ သူက ကျွန်တော့်ဘက်သို့ လှည့်ကြည့်လာသည်....
"Minho ငါ အတန်းသွားတက်တော့မှာ... မင်း စောင့်ချင်လည်းစောင့်.... ဒါမှမဟုတ် ကြာတယ်လို့ထင်ရင်လည်း ပြန်ချင်ပြန်လိုက် ကိစ္စမရှိဘူးနော်....''
"ရပါတယ်... ကိုယ်စောင့်နေမှာပါ... ချစ်သည်း ပြီးရင်သာ ဖုန်းဆက်လိုက်နော်....''
"အွန်း... ဒါဆို ငါသွားပြီ....''
Minhoပြောလိုက်တော့ ပြုံးကာ နှုတ်ဆက်သွားတဲ့ သူ့ကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည် အထိကြည့်ပြီးမှ....
YOU ARE READING
Ex- [Zawgyi/Unicode]
Fanfiction#Fanfiction #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်းတဲ့ ex- ရှိတယ်.... #Key ကျွန်တော့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ex- ရှိတယ်... #Minho ..................... #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်း...