Ex ❶

4.5K 144 12
                                        

Unicode

*Ex- ဆိုတာ ပျက်သွားပြီးရင် လှည့်တောင်မကြည့်ချင်တဲ့ အရာမျိုး*လို့ ဆိုကြပေမယ့် ကျွန်တော် အတွက်တော့ အဲ့လိုမဟုတ်ခဲ့ဘူး....

×××××××××××××××××××××××××

"ဟေး chinguတို့...."

အတန်းထဲ စဝင်လာထဲက မြောက်ကြွ မြောက်ကြွနဲ့ ဝင်လာတဲ့ သ့ူကို ကျွန်တော် မြင်ပြင်းကပ်စွာဖြင့် တစ်ချက်ကြည့်ပြီးနောက် ကျွန်တော့် အကြည့်တွေကို ကျွန်တော့်အရှေ့က စားပွဲပေါ်ရှိ စာအုပ်ထံသို့ ပို့ထားလိုက်သည်...

ကျွန်တော့် အကြည့်တွေသည် စာအုပ်ထံတွင်သာရှိပေမယ့် သ့ူ လှုပ်ရှားမှုအကုန်လုံးကို ကျွန်တော် သိနေသည်...

ကျွန်တော့် ရှေ့က ခုံတွင် သူဝင်ထိုင်ပြီး ခဏနေတော့ သူ့ အသံက ကျယ်လောင်စွာ ထွက်လာသည်...

"Jonghyun မင်း သိလား... ငါလေ မင်းတို့ရပ်ကွက်ထဲက မာနကြီးတယ်ဆိုတဲ့ Mina noona ဆီကနေ အဖြေရခဲ့ပြီကွ..."

သူ့ဘေးက သူငယ်ချင်းဖြစ်သူ Jonghyunကို ပြောပြနေသည်မှာ ကျွန်တော် ကြားအောင်များ တမင်ပြောနေသလားလို့ အောက်မေ့ရသည်....

သူ့ကိုယ်သူလည်း ဂုဏ်ယူနေခြင်းက အပြည့်... အလကား ငပွေ ငရှုပ်ကောင်ဟု ကျွန်တော် စိတ်ထဲကနေ ပြောနေမိသည်...

အပြင်မှာသာ ထုတ်ပြောကြည့်ပါလား... သဝန်တိုတာလား ဘာလားဆိုတဲ့ မေးခွန်းတွေကို ပြောင်စပ်စပ်မျက်နှာဖြင့် လှည့်မေးလာလိမ့်မှာ....

"woo daebaek... တကယ်လား မင်း တကယ်ပြောနေတာလား..."

"ဟ တကယ်ပေါ့ကွ... ဒီမနက်ပဲ အဖြေရခဲ့တာ... noonaက မင်းတို့ ပြောသလောက်လည်း မာနမကြီးပါဘူးကွာ... သူရဲ့ အလှမာန်လေးတော့ နည်းနည်းပါးပါး ရှိတာပေါ့လေ..."

သူတို့ သူငယ်ချင်း နှစ်ဦးပြောနေကြတဲ့ noonaဆိုတာ ကျွန်တော်လည်း သိပါတယ်... အရမ်းလည်း လှသလို... အရမ်းလည်း မာနကြီးသည်ဟု နာမည်ကြီးတယ်လေ...

တော်ရုံ ယောက်ျားလေးဆိုရင် အထင်မကြီးတက်သော noonaက သူ့ကို လက်ခံလိုက်သည်တဲ့လား...

အင်းပေါ့လေ သူက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲလေ...

Ex- [Zawgyi/Unicode]Dove le storie prendono vita. Scoprilo ora