Unicode
..............."ချစ်သည်း ထတော့နော်...''
"Immmm!!!... အိပ်ချင်သေးတာကို...''
"ရှစ်နာရီထိုးတော့မှာ ချစ်သည်းရဲ့ ထပါကွာ... ကျောင်းနောက်ကျတော့မှာ...''
"ဟာ မထချင်သေးပါဘူးဆို...''
"ကိုယ့် ချစ်သည်းက လိမ္မာပါတယ်ကွာ... မထရင် နမ်းမှာနော်...''
"နမ်းပေါ့...''
"ချစ်သည်း စကားနဲ့ ချစ်သည်းနော်... ပြီးမှ နှုတ်ခမ်းပေါက်သွားပါတယ် အရာထင်သွားပါတယ်တွေ လာမပြောနဲ့...''
"arrr... မနမ်းနဲ့တော့ ထပြီကွာ...''
သူ့ကို ပြန်လက်ခံပြီးသည့်နောက်ပိုင်းမှာ အရင်က ကိုယ့်ဟာကိုယ် အိပ်ရာထတက်သော အကျင့်လည်းပျောက်ရသည်...
သူလာမနှိုးမချင်းကို ကျွန်တော် အိပ်ရာထဲမှာ လှိမ့်နေတက်သည်...
သူကလည်း ကျွန်တော့်ကို နှိုးလို့မရရင် အနမ်းမျိုးစုံနဲ့ ရအောင်နှိုးသည်... တစ်ခါတစ်လေ အနမ်းကြမ်းကြမ်းကြီးတွေတောင်ပါသေး...
ကျွန်တော် ကိုယ်တိုင်ကလည်း ထိုအနမ်းတွေထဲ ပျော်ဝင်နေခဲ့မိတယ်ဆိုရင် မမှားဘူးလေ...
အဲ့လိုအဖြစ်တွေကြောင့်လည်း ညီညီတောင် ကျွန်တော့် အခန်းကနေပြောင်းသွားခဲ့သည်...
မနက်စောစောတောင် မရှောင်တဲ့ အချစ်ငှက်နှစ်ကောင်ကြောင့် သူ ရှက်လို့ အတူမနေရဲတော့ပါဘူးတဲ့လေ...
ကျွန်တော်တို့ကလည်း ညီညီ ပြောင်းပြေးလည်းပြေးချင်စရာလောက်အထိဖြစ်ခဲ့ကြတာကို...
အခုလည်း သူ့ကို တားရင်း ကျွန်တော် အိပ်နေရာမှ ထထိုင်လိုက်သည်....
အဲ့လို ထလိုက်လို့လည်း သူမနမ်းဘူးထင်နေလား...
ကျွန်တော် ထထိုင်လိုက်တာက သူ့အတွက်နမ်းရ ပိုဆင်ပြေသွားတာလို့ပြောရင် ပိုမှန်သွားလိမ့်မယ်....
"ချစ်သည်း....''
"အင့်...''
အိပ်မှုံစုံမွှားထိုင်နေတဲ့ ကျွန်တော့်ကို သူ့အနားဆွဲယူကပ်လိုက်သည်... သူ ဘာဖြစ်ချင်နေတာလဲဆိုတာ ကျွန်တော် သိလိုက်ပြီ...
YOU ARE READING
Ex- [Zawgyi/Unicode]
Fanfiction#Fanfiction #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်းတဲ့ ex- ရှိတယ်.... #Key ကျွန်တော့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ex- ရှိတယ်... #Minho ..................... #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်း...