Extra ❶

557 22 6
                                    

Unicode 🎂🎉

အမိ​မြေကို ​​ခြေချမိခိုက် ရင်ထဲသို့တိုးဝင်လာတဲ့ လှိုက်ခုန်ခြင်း​တွေက ​ပြောမပြတက်​အောင်ပါပဲ...

Luggageအိတ်ကို တစ်ဖက်ကဆွဲလို့ ​လေဆိပ်ထဲရှိ လူအများကို ဖြတ်​ကျော်ကာ အပြင်သို့ ထွက်လာခဲ့လိုက်ပြီးမှ အပြင်မှာ ​အမိ​မြေရဲ့လေကို တဝကြီးရှူရှိုက်ပစ်လိုက်သည်...

​လေဆိပ်အပြင်ရှိ မြင်​နေရ​သောတက္ကစီတစ်ခု​ပေါ်သို့တက်လိုက်ပြီး သွားရမည့်လိပ်စာကို ဒရိုင်ဘာအား​ပြောကာ ကျွန်​တော်​လေဆိပ်မှ ထွက်လာခဲ့လိုက်​တော့သည်...

လက်မှာပတ်ထား​သော Rolexနာရီ​လေးကိုတစ်ချက်ကြည့်​မိတော့ ကိုရီးယားစံ​တော်ချိန်နဲ့ ဆယ်နာရီတိတိ...

ဒီအချိန်ဆို သူအလုပ်လုပ်​နေ​ရော​ပေါ့...

*မောင့် ရင်ခွင်မှာ တစ်ဘဝလုံးစာအတွက် ခိုနားဖို့ရာ ငါပြန်လာပြီ ​မောင်!...*

"​ကောင်​လေး ​ရောက်ပြီ​..."

ကား​နောက်မှီကို မှီကာ ​​သူနဲ့အ​ကြောင်း​တွေ ပြန်​တွေးပြီး မှေးလိုက်လာရင်း ဒရိုင်ဘာဦး​လေးကြီးရဲ့ အသံ​ကြောင့် မျက်လုံး​တို့ဖွင့်လိုက်သည်...

ရပ်ထား​သော ကားထဲက​နေတဆင့် အပြင်သို့ အကြည်ပို့ကာ စစ်​ဆေးမိ​တော့ ကျွန်​တော်ငယ်ငယ်ထဲကနေခဲ့အိမ်က ကျွန်​တော့်ကို ကြိုဆို​နေဟန်...

ကား​ပေါ်ကဆင်းကာ ဦး​လေးကြီးအား ကျသင့်​ငွေ​ပေးပြီးတာနဲ့ luggageအိတ်ကို ဆွဲပြီး ခြံတံခါးကို ဖွင့်ကာ အိမ်ဆီသို့ တစ်လှမ်းခြင်း ​လျှောက်လှမ်းခဲ့လိုက်သည်...

ဖွင့်ထား​သော အိမ်တံခါးက​နေတဆင့် အိမ်ထဲဝင်ခဲ့လိုက်ပြီးမှ ommaရဲ့ အရိပ်အ​ယောင်မ​တွေ့ရတာ​ကြောင့် ကိုင်ထား​သော luggageအိတ်ကို ထားခဲ့ကာ ommaကို ရှာပုံ​တော်ဖွင့်ရသည်...

အံ့သြ​စေချင်တာမို့ အသံမ​ပေးပဲ တိတ်တဆိတ်လိုက်ရှာမိသည်... appaက​တော့ ဂျပန်​မှာ​နေတာ အ​တော်ကြာ​​နေပြီဖြစ်တာမို့ အိမ်မှာ ရှိမ​နေတာကို ကျွန်​တော် သိထားသည်...

အရင်ဆုံး အိပ်ခန်းကို သွားကြည့်သည်... မရှိ​​တာမို့ တခြားကို သွားရှာဖို့ အလုပ် အ​ပေါ်ထပ်က​နေ ဆင်းလာတဲ့ ommaက ကျွန်​တော့်ကို မြင်သွား​လေသည်...

Ex- [Zawgyi/Unicode]Where stories live. Discover now