Zawgyi
................"ချစ်သည်း.... ဘယ်မှာလဲ....''
စိုးရိမ်တကြီးနဲ့ သူ့အော်ခေါ်သံကြားရတာတောင် ကျွန်တော် ထိုင်နေရာမှ မထရဲသေး....
"ချစ်သည်း အိပ်ခန်းထဲမှာလား ကိုယ်ဝင်လာပြီနော်....''
*အင့်...*
ကုတင်ဘေး ခြေထောက်နှစ်ချောင်းကို ပိုက်ကာ ထိုင်နေသော ကျွန်တော် အိပ်ခန်းထဲကို ဝင်လာသော သူ့အရိပ်ကို မြင်သည်နှင့် ထပြေးကာ ဖက်ထားလိုက်သည်....
"ချစ်သည်း....''
"ဟင့် ငါ ကြောက်နေတာ... သိလားလို့... ဟင့်....''
"ကိုယ်တောင်းပန်ပါတယ် ချစ်သည်းရယ်....''
ကြောက်စိတ်ဖြင့် တရှုံ့ရှုံ့ငိုနေသော ကျွန်တော့်ကို သူလည်း ပြန်ဖက်ထားပြီး တောင်းပန်စကားဆို၏....
"ချစ်သည်း ငိုထားလို့ မျက်နှာတွေလည်း ရဲနေပြီ မငိုနဲ့တော့နော်... အခုကိုယ်အနားရှိနေပြီပဲ တိတ်တော့...''
"အင်း....''
ကျွန်တော်လည်း ခေါင်းငြိမ့်ပြရော သူက ကျွန်တော့်ကို ပွေ့ချီကာ ကုတင်စွန်းတွင် သွားထိုင်၏... ပြီးမှ သူ့ပေါင်ပေါ်ရောက်နေသည့် ကျွန်တော့်ကို ဘေးတွင်ချပေးမည် လုပ်တော့ကျွန်တော် သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်....
"ဒီအတိုင်းပဲ နေမလို့လား....''
"အင်း ကြောက်လို့....''
ပြုံးစစနှင့် သူမေးသည်ကိုလည်း မရှက်နိုင်စွာ ခေါင်းငြိမ့်ပြမိသည်မှာ ကြောက်စိတ်တို့က ကြီးစိုးနေသည်မို့....
သူ့ရင်ခွင်ထဲပိုတိုးရင်း စိတ်ချစရာ စိတ်အေးစရာနေရာတွေ့သွားသည်မို့ အိပ်ချင်နေသော စိတ်တို့နဲ့အတူ စိတ်ချလက်ချကို ကျွန်တော် မျက်လုံးမှိတ်ချလိုက်သည်....
"ဟာ အိပ်ပျော်သွားပြီလား....''
အိပ်မပျော်ခင်ကြားလိုက်ရတဲ့ သူ့အသံတို့သည် သဘောကျခြင်းများနှင့်အတူ ရယ်သံတို့လည်း ရောစွက်လို့နေသည်....
ဘယ်လောက်ပဲ အိပ်ရေးပျက်ပါစေ စောစောနိုးတက်တဲ့ ကျွန်တော်အကျင့်က အခုလည်း နိုးနေပြန်သည်....
YOU ARE READING
Ex- [Zawgyi/Unicode]
Fanfiction#Fanfiction #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်းတဲ့ ex- ရှိတယ်.... #Key ကျွန်တော့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ex- ရှိတယ်... #Minho ..................... #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်း...