Unicode
...............Only JongTae Part
×××××××××××××××*ting*
ဖုန်းmessageသံကြားပေမယ့် ဆရာမစာသင်နေသည်မို့ Taeminဖွင့်မကြည့်ဖြစ်...
ဆရာမထွက်သွားပြီးတော့မှ ဖွင့်ကြည့်မိတော့ ကိုကို့ထံမှ ဖြစ်နေသည်...
*Hyung အရင်ပြန်နှင့်ပြီ ညီညီ...*
စာပို့ခဲတဲ့ကိုကို့ကြောင့် စိုးရိမ်မိသွားကာ ဖုန်းအမြန်ခေါ်လိုက်ပေမယ့်လည်း စက်ပိတ်ထားသည်တဲ့....
မနက်ကလည်း Minho hyungနဲ့ ပြဿနာတက်ထားသေးသည်မလား... ထပ်ပြီးတော့ ရန်ဖြစ်ကြသေးတာလားမသိဘူး....
ဟာ ဟုတ်သားပဲ... Minho hyungဆီကို ဖုန်းဆက်ကြည့်ရမယ်...
Minho hyungကို ဖုန်းဆက်ကြည့်တော့ ကန်တင်းမှာဆို၍ ကန်တင်းကို လိုက်သွားလိုက်သည်...
"Minho hyung...."
"အင်း Taeminထိုင်လေ..."
Minho hyungရဲ့ မျက်နှာခြင်းဆိုင်တွင် Taemin ဝင်ထိုင်လိုက်သည်...
Minho hyungဘေးမှာတော့ Jonghyun hyung ထိုင်နေသည်....
Minho hyungကို ကြည့်မိတော့ မျက်နှာ သိပ်မကောင်း...
"Hyung ကိုကိုနဲ့ ရန်ထပ်ဖြစ်သေးလား..."
"ဟင့်အင်း မဖြစ်ပါဘူး... ဘာဖြစ်လို့လဲ Taemin..."
"အခု ကိုကို ဘယ်မှာရှိလဲ hyungသိလား..."
"Hyung ဒီကိုမလာခင် သူ့ကို သွားခေါ်တော့ hyungကို လိုက်မလာနဲ့ပြောပြီး ထွက်သွားတယ်... hyungလည်း သူပိုစိတ်ဆိုးသွားမှာစိုးလို့ လိုက်မသွားဖြစ်ဘူး..."
"ကိုကို သားကို စာပို့ထားတယ် ဒီမှာကြည့်... သားလည်း ဆရာမ စာသင်နေတာနဲ့ အခုမှ ဖွင့်ကြည့်လိုက်တာ... ကိုကိုက စာပို့ခဲတော့ စိုးရိမ်ပြီး ဖုန်းဆက်ကြည့်တာ စက်ပိတ်ထားတယ်တဲ့..."
ကိုကို ပို့ထားတဲ့ စာကို Minho hyungကို ပြရင်း Taeminဆက်ပြောလိုက်သည်....
"အိမ်ပြန်သွားတာလား..."
Taemin ပြလိုက်တဲ့ စာကိုကြည့်ပြီး Minho hyung Taeminကို မေးလာသည်...
"သား မသိဘူး... အဲ့ဒါကြောင့် hyungဆီကို သားလာခဲ့တာ... ကိုကို့ကို ပြန်ရှာပြီးချော့လိုက်ပါနော်... မနက်က သားတို့ စတာလဲ နည်းနည်းလွန်သွားတော့ ကိုကိုလည်း ရှက်သွားမှာ..."
YOU ARE READING
Ex- [Zawgyi/Unicode]
Fanfiction#Fanfiction #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်းတဲ့ ex- ရှိတယ်.... #Key ကျွန်တော့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ex- ရှိတယ်... #Minho ..................... #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်း...