Unicode
................JongTae Part
♡♡♡♡♡♡♡"Hyungပိစိ... ဘာလုပ်..."
ကန်တင်းရဲ့ ထောင့်ကျကျမှာ နေရာယူထားတဲ့ ကိုယ့်အရှေ့ လာရပ်ကာ ကိုယ့်ကိုလည်း မေးရင်း လွယ်အိတ်ကို ဘုတ်ခနဲ စားပွဲပေါ်တင်ကာ ခုံကို ဆွဲလို့ဝင်ထိုင်လေတဲ့ မှိုလုံးလေး...
"ငါလား... နေ့လည်စာ စားနေတာလေ..."
စားနေတဲ့ ပဲခေါက်ဆွဲ ပန်းကန်ကို မေးငေါ့ပြလိုက်တော့...
"Hyungပိစိကလည်း နေ့လည်စာကို ပဲခေါက်ဆွဲကြီး ဘာလို့စားတာလဲ..."
ကိုယ့်ဟာကိုယ် ပဲခေါက်ဆွဲစားချင်လို့ စားတာကို သူက မျက်နှာကြီး ရှုံ့မဲ့ပြီးပြောသည်... နေ့လည်စာ စားချိန်ဆို အမြန်ရတာဆိုလို့ ဒီပဲခေါက်ဆွဲပဲရှိတယ်... ကျန်တာတွေမှာရင် အရမ်းစောင့်ရတာ...
"အဲ့မျက်နှာက ဘာဖြစ်နေတာလဲ... ပြီးတော့ နေ့လည်စာကို ပဲခေါက်ဆွဲ မစားရဘူးလို့ ဘယ်သူပြောလဲ..."
"အဲ့ဒီ မဲမဲအနှစ်တွေက စားနေရင်းပေသွားရင် ဘယ်လောက်ရှိုးပဲ့လဲ ကန်တင်းမှာက မိန်းကလေးတွေလည်း အများကြီးကို... သားဆို အိမ်မှာပဲ စားတာ... အိမ်မှာ စားရင် ပေပေ ပွပွ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး..."
မှိုလုံးလေးကတော့ ပဲခေါက်ဆွဲစားရင် ပေတက်ထင်ပါရဲ့... ပြောလိုက်ရင် သား သား သားနဲ့ လူကြီးပုံဖမ်းချင်နေတဲ့ မှိုလုံးလေးက ရှိုးပဲ့မှာကိုတော့ကြောက်သား...
"ဟုတ်ပါပြီ ကိုယ်တော်လေးရယ်... မင်း မကြိုက်လို့ မစားချင်လဲ တခြားဟာမှာပါ့လား ဘာလို့ သူများစားနေတာကို လာပြောနေတာလဲ... ပေ လည်းဘာဖြစ်လဲ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး..."
"Hyungပိစိရဲ့ အဲ့လိုဂျစ်ကန်ကန် စတိုင်လ်တွေ အပြောတွေကြောင့်ပဲ ကြွေနေကြတာနေမှာ... သားလည်းကြွေတယ်..."
လာပြန်ပြီ...
မထိတထိစကားတွေ သိပ်ပြောတာပဲ မှိုလုံးလေးက...
"မင်း တစ်ယောက်တည်းလား..."
Jonghyun သူ့စကားကို မသိဟန်ဆောင်ပြီး စကားလွှဲကာ မေးလိုက်သည်...
YOU ARE READING
Ex- [Zawgyi/Unicode]
Fanfiction#Fanfiction #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်းတဲ့ ex- ရှိတယ်.... #Key ကျွန်တော့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ex- ရှိတယ်... #Minho ..................... #minkey #SHINee ကျွန်တော့်မှာ အရမ်းသောက်မြင်ကပ်ဖို့ကောင်း...